အခန်း ၁၇

1.3K 167 1
                                    

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၁၇) (က)

ပဉ္စမသခင်လုသည် သူမကို ဆယ့်ငါးမိနစ်သာ ထိုင်ဖို့လိုပြီး ပြီးရင်ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့သော်လည်း စစ်ယွီမှာ အချိန်တွေက ဒီလောက်နှေးနေလိမ့်မည်ဟု တစ်ခါမှမထင်ခဲ့ဖူးပေ။

ဒါ့အပြင် သူမဘေးတွင် ကံဆိုးမှု၏ အရင်းအမြစ်ကြီးကလည်း ထိုင်နေသေး၏။ သူမ ဘယ်လိုပဲထိုင်‌နေပါစေ မသက်မသာ ခံစားနေရသည်။ သူမ ဖုန်းထဲကအချိန်ကို ခဏခဏခိုးကြည့်နေတာကိုလည်း ဘယ်သူမှမသိလောက်ဟု ထင်ခဲ့မိ၏။ သူမသည် ခေါင်းငုံ့လိုက်ပြီး စိတ်ထဲကနေ အချိန်ကို ရေတွက်နေလိုက်သည်။ သူမ မသိလိုက်သည်မှာ ပဉ္စမသခင်လုသည် အစောကြီးကတည်းက မျက်လုံးဖွင့်နေပြီး သူမအား အလွန်စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တယ် ဆိုတာကိုပင်။

ဆယ့်ငါးမိနစ် ခက်ခက်ခဲခဲသည်းခံမှုကြီးမှာ နောက်ဆုံးတော့ပြီးသွားခဲ့သည်။ ပဉ္စမသခင်လုမှာ ကောင်မလေးက အလွန်ပျော်ရွှင်နေတာကို မြင်သော်လည်း ချက်ချင်း မလှုပ်ရှားရဲပေ။ သူသည် ချက်ချင်းပဲ ရယ်ရမလိုငိုရမလို ခံစားလိုက်ရ၏။ "အိုကေ မင်းကိုပြန်ပို့ဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်"

စစ်ယွီအနီးတွင် နေခြင်းကြောင့် ဖြစ်ပေါ်လာသော အေးမြသည့် သက်ရောက်မှုလေးသည် ချက်ချင်းပဲ ရလဒ်တစ်ခုကို ဖြစ်ပေါ်စေ၏။ ပဉ္စမသခင်လု အရင်က ရှာဖွေခဲ့သော ရှားပါးရတနာများထက်ပင် ပိုအသုံးဝင်နေသေးသည်။ ဒါက သူ့အား အလွန်စိတ်ကျေနပ်သွားစေသည်။ ဒါပေါ့၊ ပဉ္စမသခင်လုသာ ဒီလူကို ဆက်နေဖို့ ဖိအားပေးချင်တယ်ဆိုရင် စစ်ယွီလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။ သို့သော် အခု သူပျော်ရွှင်နေသည်။ အဲ့ဒါအပြင် စစ်ယွီ၏ ချောင်းဆိုးဖို့ကို ထိန်းထားရသည့် သနားစရာ အသွင်အပြင်ကို မြင်လိုက်ရသောအခါ အမြဲတမ်း ငြိမ်သက်နေသည့် သူ့စိတ်ထဲတွင် လှိုင်းလုံးလေး ခပ်ရေးရေး ထွက်ပေါ်လာခဲ့သည်။

ဒါက သူ အရမ်းကြီးအနိုင်ကျင့်လို့ မရရုံပါပဲ။ ပြီးတော့ ဒါလေးက ကြာကြာသုံးမယ့် ပစ္စည်းလေးဆိုတော့ ကောင်းကောင်း ဂရုစိုက်ဖို့ လိုတာပေါ့။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now