တဖျောက်ဖျောက်ကျနေသည် မိုးရေများကြားထဲတွင်
ထီးမပါဘဲ Hoodie အမည်းရောင်နဲ့ လမ်းလျှောက်လာသည့်ကောင်မလေးတစ်ယောက်...မိုးရွာနေလို့ ဒီနေ့သင်တန်းပိတ်တယ်လို့ ပြောလိုက်ပေမယ့်
မသိတာလား၊ မသိချင်ယောင်ဆောင်တာပဲလား။သင်တန်းကို လာနေပါသေးသည်။"တီချယ်"
"ဒီနေ့ သင်တန်းမရှိဘူးလို့ ပြောထားတယ်လေ ပန်း"
"ဟုတ်သားပဲ မေ့သွားလို့ ဟီးဟီး"
သူ့ရှေ့က အပြစ်ကင်းတဲ့ ကလေးမျက်နှာနဲ့ ပြုံးနေတဲ့ ကောင်မလေးကို မြတ်နိုးငယ်တစ်ယောက် သေချာကြည့်နေမိသည်။
"အဲ့ဒါဆို ပန်း ပြန်တော့မယ်နော် တီချယ်"
"နေဦး ထီးယူသွားဦးလေ"
"မယူတော့ဘူး တီချယ်"
ပြောရင်းဆိုရင်း ထီးယူပြီး ပြန်အလှည့် ပန်းဝင့်လွှာက မရှိတော့ပေ။
"ဒီကောင်မလေးကလေ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ဂရုကိုမစိုက်ဘူး"
"သူက ဘယ်သူလည်း ငယ်"
ဟုတ်သားပဲ။သူ့ဘေးက သူချစ်ရတဲ့ အမျိုးသမီးကိုမေ့နေတာပဲ။ဒီနေ့မိုးရွာနေလို့ ချိန်းထားတာတောင် မလာနဲ့တော့ဆိုတာကို အိမ်ထိလိုက်လာတဲ့ ဒေါ်ခင်ထားနွယ်ကို အခုမှ ကြည့်မိတယ်။
"သူက ငယ် ဖွင့်ထားတဲ့သင်တန်းက သင်တန်းသူတစ်ယောက်ပါ မရဲ့"
"သူကြည့်ရတာ ကလေးလေးကျနေတာပဲ။အသက်အတော်ငယ်သေးတယ် ထင်တယ်"
"ငယ်တာပေါ့ မရဲ့။အခုမှ 23 နှစ်ပဲရှိသေးတယ်လေ။မတောင် တခြားတစ်ယောက်အကြောင်းကို စိတ်ဝင်စားလို့ပါလား ငယ် မဟုတ်တဲ့ တခြားသူကိုလေ"
"မဟုတ်တာပဲ ငယ်ရယ်။တို့က ငယ်နဲ့ဆိုင်တဲ့သူမို့ သိချင်ရုံပါ။သဝန်မတိုရအောင် ကြိုပြီး မေးကြည့်ထားတာ"
မျက်ခုံးတစ်ဖက်ကို ပင့်တင်ရင်း ခပ်ပြုံးပြုံးပင် ပြောနေသော ရှေ့က အမျိုးသမီးရဲ့ မျက်လုံးတွေကို တည့်တည့်ပင် မကြည့်ရဲတော့ပေ။သူ့အကြည့်ဟာ အမြဲဒီအတိုင်းပဲ။မျက်ခုံးတစ်ဖက်ကို ပင့်ပြီး အပြုံးမမည်တဲ့ အပြုံးမျိုးကို ပြုံးလေ့ရှိတာ။ဒါလည်း ငယ်တစ်ယောက်တည်း အပေါ်မှာပါ ကျန်တဲ့သူတွေရှေ့မှာတော့ သိပ်ကို ကြောက်စရာကောင်းလောက်အောင် တည်ကြည်လွန်းတဲ့ အမျိုးသမီးပင်။
ငယ်က အခုမှ အသက် 30 အရွယ်ပဲရှိသေးတဲ့ သင်တန်းဆရာမလေးတစ်ယောက်ပါ။သူ့လို သိပ်ကို ထက်မြက်တဲ့ လုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်ကို ချစ်သူတော်ရမယ်ဆိုတာ စိတ်ကူးတောင်မယဉ်ဖူးပေ။အထူးသဖြင့် သူ့လို ငယ့်ကို သိပ်ချစ်ပေးမယ့် သူတစ်ယောက် ရောက်လာမယ်ဆိုတာ။ငယ် မနဲ့ တွဲလာတာ အခုဆို 1 နှစ်ကျော်ပါပြီ။ဒါပေမယ့် အခုထိ ငယ်က သူနဲ့ မတန်ဘူးလို့ တွေးမိနေတုန်းပါ။
အတွေးလွန်နေတတ်တဲ့ ငယ့်အကြောင်းကို သိသည့်အလား ငုံ့ထားတဲ့ ခေါင်းမော့စေကာ မျက်ဝန်းတွေကိုကြည့်ပြီး
"မြတ်နိုးငယ် တို့ကိုကြည့်စမ်း။ပေါက်တတ်ကရတွေ လျှောက်တွေးနေမယ့်အစား တို့ကို သိပ်ချစ်တဲ့အကြောင်းပဲတွေ ဟုတ်ပြီလား"
"ဟုတ်"
ငယ်ရဲ့စိတ်ကိုဆို ပြောပြစရာမလိုပဲ အကုန်သိနေသည့် ချစ်ရတဲ့ မကို ခေါင်းငြိမ့်ပြရင်း ရင်ခွင်ထဲကို ဝင်နေမိတော့တယ်။ သို့သေည် ငယ့်အတွေးများဟာ ရပ်တန့်ခြင်းမပြုကြချေ။ "ငယ်တို့နှစ်ယောက်က ဖြစ်သင့်ရဲ့လား။" "ဖြစ်နိုင်ရဲ့လား။" "ဖြစ်ပါ့မလား။" စသည့်မရေရာမသေချာသော မေးခွန်းများဟာ မြတ်နိုးငယ်ခေါင်းထဲတွင် လည်ပတ်လျှက်ရှိနေသေးသည်။ ထိုမေးခွန်းများထဲတွင် ငယ် ကိုယ်တိုင်မသိချင်ယောင်ဆောင်ထားသော မေးခွန်းတချို့လည်းရှိသည်။ ထိုမေးခွန်းများဟာ ဤသို့ဖြစ်သည်။
"မကို ငယ် ချစ်သေးရဲ့လား။" ဒါမှမဟုတ် "မကို ငယ် ချစ်ရောချစ်ခဲ့ရဲ့လား..."
YOU ARE READING
Love
Romanceအချစ်ကို ဖွဲ့နွဲ့မပြတတ်ပေ။ အချစ်ဆိုတာ ပျော်ရွှင်မှုသာ ဖြစ်မည်။ လုံခြုံမှုသာ ဖြစ်မည်။ နှလုံးသားရဲ့ ဖွဲ့နွဲ့မှုလည်းဖြစ်နိုင်သည်။