Part 4

2K 126 0
                                    

"အားလုံးပဲ သူက ပြည့်ဝတဲ့။သင်တန်းသားအသစ်ပဲ။"

"ပန်းဘေးနားမှာ နေရာလွတ်တယ် သွားထိုင်ချည်နော် ပြည့်ဝ"

ဆိုကာ ပန်းဘေးက နေရာလွတ်ကို လက်ညိုးဖြင့် ညွှန်ပြလိုက်သည်။

"ဟုတ်ကဲ့"

ပန်းဆီကို စပ်ဖြီးဖြီးနဲ့လာနေသည့် ကောင်လေးသးကို သိပ်တော့ကြည့်မရပေ။ပန်းမှာ ထူးဆန်းတဲ့ အာရုံရှိတယ်လို့ပြောရမလား။ လူအသစ်၊အလုပ်သစ်၊ပစ္စည်းအသစ်တွေနဲ့ ပတ်သက်ရင် စတွေ့ကတည်းက ခံစားချက်တစ်ခုရတတ်စမြဲ‌ပဲ။
အရင်က ပန်းအမေ ဖိနပ်လုပ်ငန်းလုပ်မယ်ပြောတော့ ပန်းသဘောမတွေ့ခဲ့ပေ။ သို့ပေမယ့် အမေ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားတဲ့အနေနဲ့ ပန်းဝင်မပါခဲ့ပါ။ နောက်တော့ ဖိနပ်လုပ်တဲ့အိမ်ကိုသွားတဲ့လမ်းမှာ ခွေးဆွဲခံရသည်။ နောက်ဆုံးတော့ ဖိနပ်လုပ်တဲ့အိမ်က အဓိကဖြစ်တဲ့ အမျိုးသားဆုံးသွားလို့ အဆင်မပြေခဲ့ပါဘူး။ ပန်းမှာထိုကဲ့သို့‌သော အကြိုခံစားချက်များရှိတတ်သည်။ ကြိုပြီး ခံစားချက်မကောင်းတာမျိုးရှိနေတတ်သည်။ ပြည့်ဝဆိုတဲ့ ဒီအမျိုးသားဟာလည်း အမေ့ရဲ့ ဖိနပ်လုပ်ငန်းလိုမျိုး ခံစားချက်မျိုးရနေသည်။

ဘေးမှာ ထိုင်ပြီးတဲ့ထိ မျက်နှာပိုးမသတ်နိုင်သေးတဲ့သူ့ကိုကြည့်ပြီး လေးလံတဲ့စိတ်က ပိုဆိုးလာသည်။

"ပန်းလို့ တီချယ်ပြောလိုက်တယ်။ ထင်တယ်။ ငါက ပြည့်ဝနိုင်ပါ။"

"အင်း။ပန်းဝင့်လွှာပါ"

စာအုပ်ပဲ ဆက်ဖတ်နေတဲ့ သူ့ဘေးက ကောင်မလေးကို ပြည့်ဝနိုင်အားမရပေ။

"ဟိုလေ ပန်း နင် တီချယ်နဲ့ ရင်းနှီးလားဟင်"

စာအုပ်ထဲက အာရုံတွေဟာ ဘေးက တစ်ယောက်ဆီကို ပို့လိုက်မိတယ်။

"အင်း လိုအပ်သလောက်တော့ ရင်းနှီးပါတယ်"

"ငါ့ကို တစ်ခုလောက် ကူညီပေးမလား"

ဒါတွေကြောင့် ခံစားချက်မကောင်းနေတာဖြစ်သည်။ သိပ်ကို ရဲလွန်းတဲ့ ဒီတစ်ယောက်ကြောင့် ခေါင်းနပန်းတွေပါ ကြီးသွားရသည်။ သူဘာပြောမယ်ဆိုတာ ခန့်မှန်းလို့ ရသလောက်‌ရှိပေမယ့် သေချာအောင်နားထောင်ကြည့်သင့်တယ်မလား။ သူက တီချယ်လည်းမဟုတ်သလို ဟိုအမျိုးသမီးလည်းမဟုတ်တာကြောင့် အတိအကျမပြောတာကောင်းမည်။ ပန်းက မည်မျှပင် လူတွေကို နားလည်နိုင်တယ်၊ အကြိုခံစားချက်တွေရှိတယ်ပြောပြော ထိုအမျိုးသမီးနှစ်ယောက်ကလွဲရင် ကျန်သည့်သက်ရှိများကိုတော့ စိတ်မဝင်စားသလို တစ်ထစ်ချလည်းမပြောနိုင်ပေ။ ပန်းသည် အကြားအမြင်ပညာရှင်လည်းမဟုတ်၊ ဗေဒင်ဆရာမလည်းမဟုတ်ချေ။ ထိုအမျိုးသမီးနှစ်ယောက်ကိုသာ သီးသန့်သိနေခြင်းဖြစ်သည်။

LoveWhere stories live. Discover now