Part 26

2K 157 8
                                    

"ဟယ်လို"

"Pim ငါ နင့်ကို အကူအညီတောင်းစရာရှိတယ်"

ပုံမှန်ထက်ပို၍ တည်ငြိမ်နေသော ပန်း၏ အသံကြောင့် ကိစ္စအကြီးကြီးဖြစ်နေမှန်း Pim သတိထားမိသည်။

"ပြော ငါ ဘာကူညီပေးရမလဲ"

Pim နှင့် ဖုန်းပြီးနောက် နောက်ထပ်လုပ်စရာများကို လုပ်ရန် ပန်းဝင့်လွှာ တစ်နေရာသို့ဦးတည်လိုက်သည်။

"ဟယ်လို အစ်မမေ"

"ပန်းပါ။"

"ဘာကိစ္စရှိလို့လဲ"

ပုံမှန်ထက်တင်းမာနေသည့်အစ်မမေရဲ့ အသံဟာ စိတ်ဆိုးနေကြောင်းကို ဖော်ပြနေသည်။

"ပန်းက လွဲရင် ကျန်တဲ့ ရှယ်ယာရှင်တွေထဲ အများဆုံး ၃ယောက်အကြောင်းသိချင်တယ်။ သူတို့ ရှယ်ယာ‌ဘယ်လောက်ရှိလဲဆိုတာရောပဲ"

"အခုမှဘာလုပ်မလို့လဲ။ သူတို့က ထွက်သွားတာကြာပြီ။"
"ဒီလောက်နဲ့ ရပ်လိုက်ပါတော့။ သူဌေးဒီလောက်ပြိုလဲနေတာ မကျေနပ်သေး..."

ဖုန်းပြောနေတုန်း ရုတ်တရက်ပေါ်လာပြီး ဖုန်းကို လုသွားသော သူဌေးကြောင့် မေ ကြောင်အသွားမိသည်။

"ဒီမှာ မင်း မေ့ကိုလဲ ဆက်သွယ်စရာမလိုဘူး။
တို့နဲ့ ပတ်သက်တဲ့သူမှန်သမျှ မင်း ဆက်သွယ်ဖို့ မလိုဘူး။"
"တို့အခုပဲ ကုမ္ပဏီတစ်ခုလုံးကို ထုတ်ရောင်းလိုက်တော့မှာမို့ ကျေနပ်လိုက်ပါတော့ ပန်းဝင့်လွှာ"

"တီ"

တစ်ဖက်က အန်တီ့စကားတွေဟာ ပန်းကို ပြိုလဲသွားဖို့ လုံလောက်ခဲ့သည်။ ဦးမြင့်လွင်ကို ချီးကျူးပါသည်။ ပန်းကို ပြိုလဲစေနိုင်သည့် တစ်ခုတည်းသောအကြောင်းပြချက်ဟာ အန်တီဆိုတာကို သိပြီး ကောင်းကောင်းအသုံးချနိုင်သည်။ သို့သော် အန်တီ့‌ကြောင့်ပဲ အရာအားလုံးကို အနိုင်ယူနိုင်တယ်ဆိုတာကို သူမသိချေ။
ပန်းနဲ့ အန်တီကို သူလျှော့မတွက်ခဲ့သော်လည်း
အချစ်ကို သူလျှော့တွက်ခဲ့သည်။
လူတွေဟာ ချစ်ရသည့်သူရှိနေသည့်အချိန်တွင် အသန်မာဆုံးဖြစ်သည်။
🍀

"သူဌေး..."

"အခြေအနေဘယ်လိုလဲ"

"လက်ရှိ အခြေအ‌နေကြောင့် ဝယ်ချင်တဲ့သူမရှိပါဘူး။"

LoveWhere stories live. Discover now