Part 22

1.8K 117 2
                                    

မနက်ခင်းရဲ့ နေရောင်ခြည်ဟာ လူသားတစ်ယောက်တစ်ဖြစ်လည်း အမျိုးသမီးတစ်ယောက်၏ ချစ်ရသူ အကောင်လေးတစ်ကောင်ထံသို့ ကျရောက်လာခဲ့သည်။ လှပစွာဖြာယှက် ကျရောက်လာသော နေရောင်ကြောင့် နေရောင်အောက်က အမျိုးသမီးငယ်ဟာ လူးလွန့်လာခဲ့သည်။ နိုးလာတာနှင့်တစ်ပြိုင်နက် တွေ့လိုက်ရသည့် ချစ်ရသူ၏ မျက်နှာကြောင့် တစ်နေ့တာဟာ ပြည့်စုံသွာချေပြီ။ ခုတင်ပေါ်မှာ ငြိမ်းချမ်းစွာ အိပ်စက်နေသည့် မျက်နှာနုနုလေးကို လက်တစ်‌ဖက်နဲ့ အသာအယာပွတ်သပ်ကြည့်မိသည်။ အသားချင်းထိတွေ့လိုက်ရတဲ့အလိုက်အတန့်မှာပဲ အပြုံးတွေဟာ ပို၍ သက်ဝင်တောက်ပလာသည်။ အပြုံးတွေရဲ့ နောက်မှာတော့ အတိတ်ရဲ့ခြောက်လှန့်မှုတွေဟာ ဖိတ်ခေါ်ခြင်းမရှိဘဲ ရောက်လာခဲ့သည်။

နိုးလာလို့ မျှော်မှန်းထားသူမဟုတ်ခဲ့ရင် သူ၏ မနက်ခင်းကို ဖျက်စီးမိသွားမလားလေ။ တစ်နေ့တာလုံးကို စိတ်ပျက်သွားစေမလား။ ဒါမှမဟုတ် ကိုယ့်ကို စိတ်ကုန်သွားမလား။ စိတ်ဆိုးသွားမလား။
ဒီလိုအတွေးတွေကြောင့်ပဲ အရင်ကလည်း အန်တီမနိုးခင် အရင်ထွက်သွားခဲ့တာပေ။ အခုတော့ ထွက်သွားရဦးမည်။
ဘေးမှာရှိသည့် အပေါ်ထပ်ကုတ်တစ်တည်ကို ဆွဲယူကာ အိမ်ပြင်သို့ထွက်ဖို့ပြင်လိုက်သည်။ သို့သော် ခုတင်ပေါ်တွင် ငြိမ်းချမ်းစွာအိပ်စက်နေသော အမျိုးသမီး၏ မျက်နှာကို နောက်တစ်ခါပြန်လှည့်ကြည့်မိသည့်အခါ သက်ပြင်းကိုသာချမိသည်။ ထို့နောက် အပေါ်ထပ်ကုတ်ကို ပြန်ချိတ်လိုက်ကာ ခုတင်ဘေးတွင် ထိုင်ချလိုက်သည်။ လက်ကို ခုတင်ပေါ်တင်လိုက်ကာ လက်ပေါ်သို့ခေါင်းတင်ရင်း စောင်းလှဲလိုက်သည်။ ဆောင်းဦးလေအေးအေးလေးသည် ပြတင်းပေါက်မှတစ်ဆင့် အေးမြစွာဝင်ရောက်နေသည်။ ထိုလေအေးဟာ ပန်းဝင့်လွှာကို ပြုံးရွှင်စေသည်။ မျက်လုံးများမှာ ဒေါ်ခင်ထားနွယ်၏ မျက်နှာကိုသာ နူးညံ့စွာစိုက်ကြည့်နေသည်။

"လူဆိုးမအန်တီ...လူကို ထမသွားချင်အောင်လုပ်နေတာပဲ"

ဒေါ်ခင်ထားနွယ်၏ ‌ဆံနွယ်များကို အသာအယာသပ်လိုက်ကာ မတ်တပ်ရပ်လိုက်ပြီး အန်တီမနိုးအောင်တိတ်တိတ်လေးလမ်းလျှောက်ရင်း အခန်းထဲမှ ထွက်သွားလိုက်သည်။ ခဏအကြာတွင် မီးဖိုချောင်ထဲ၌ နတ်ဘုရားမတစ်ပါးပေါ်ပေါက်လာခဲ့သည်။

LoveWhere stories live. Discover now