Part 12

1.6K 122 2
                                    

Love
Part-12

စတီယာတိုင်ပေါ်တွင် လဲပြိုနေသော ခေါင်းကို ထောင်လိုက်ကာ ‌မျက်လုံးတွေကို ဖွင့်လိုက်သည်။ မျက်စိရှေ့တွင် မြင်နေရသော ‌ဝင်ခါစနေမင်းကြီးဟာ ပန်းကို ပိုမို နာကျင်စေသလိုပင်။ အန်တီ့ဘဝမှာ ပန်းက ဝင်ခါစနေမင်းကြီးဖြစ်နေမလား၊ ဒါမှမဟုတ် အစတည်းက နေမင်းကြီးတောင် မဟုတ်ခဲ့ဖူးဘူးလား။

တီချယ့်ရှေ့မှာ ပြိုလဲတော့မယောင်ဖြစ်နေသည့် သူ့ကြာင့် ပန်း နာကျင်ရပါသည်။ ပန်း ချစ်ရသူကို ဒီလို ဝေဒနာမျိုးမခံစားစေချင်ပါ။ ကိုယ်ချစ်ရသူက ကိုယ့်ကို ပြန်မချစ်နိုင်ဘူးဆိုတဲ့အသိက ခံရခက်တာမှ အသက်တောင်မရှင်ချင်တော့တဲ့အချိန်‌တွေတောင် ရှိကြောင်းကို ပန်းအသိဆုံးဖြစ်သည်။ ထိုဝေဒနာကို ယခုအချိန်တွင် အန်တီလည်းခံစားနေရလိမ့်မည်။
ပန်းထက် အန်တီက ပိုဆိုးလိမ့်မည်။ သဘောအကျဆုံးအရုပ်ကလေး ရုတ်တရက်အလုခံလိုက်ရတာမျိုးပင်။
ပန်းကတော့ ပိုင်တောင် မပိုင်ဆိုင်လိုက်ရသည့် အရုပ်လှလှလေးကို ဆိုင်ရှေ့လာလာပြီး ငေးကြည့်နေရသူပေါ့။ ပိုင်ရှင်ရှိသွားလည်း လိုက်ငေးရုံဖြစ်ပြီး ပိုင်ရှင်က ထားခဲ့ရင်လည်း ငေးကြည့်နေရုံသာ။
ပန်းက အရုပ်ကလေးကို လိုချင်လည်း အရုပ်ကလေးကမှ ပန်းကို ပိုင်ရှ်ဖြစ်ခွင့်မပေးချင်ပဲလေ။ အန်တီကတော့ ထိုအရုပ်ကလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီးမှ ကျပျောက်သွားခြင်းပင်ဖြစ်သည်။ တစ်ခါတရံမှာ အားလုံးမရနိုင်ရင် တစ်ခုမှမရတာကပိုကောင်းပါသည်၊ ထာဝရအတွက်မဖြစ်နိုင်ခဲ့လျှင် အစမပျိုးခဲ့တာပိုကောင်းမည်။

များပြားလှသည့်အတွေးများကြောင့် အန်တီ့ကို စကားမပြောဘဲ ကားကိုသာ အာရုံစိုက်လာခဲ့သည်။ ပန်းက အစကတည်းက စကားနည်းသူမဟုတ်လား။ အန်တီသတိမထားမိလောက်ပါဘူးလေ။
တီချယ်နဲ့ ကိစ္စကို ခဏလောက်ပဲဖြစ်ဖြစ် အန်တီ မေ့ထားနိုင်အောင်သာ ဆေးရုံမှာ ပန်းအတတ်နိုင်ဆုံး ကြိုးစားခဲ့ခြင်းဖြစ်သည်။ ဟုတ်ပါသည်။ ပန်းအတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးပါပြီ။ တီချယ်ဆီက ကိတ်မုန့်ကိုတောင် ရအောင် ယူပေးခဲ့ပါသည်။ ပန်း ဆီက အန်တီကို လုယူထားသူမဟုတ်သော်လည်း အန်တီ့၏ အရာအားလုံးကို ပိုင်စိုးထားသူ၊ ပန်း မနာလိုအားကျရသူ၊ အန်တီ့ကို နာကျင်အောင်လုပ်သည့် ပန်း၏ ရန်သူ...ထိုသို့သော သူထံကပင် သူလိုချင်သော ကိတ်ကို ရအောင်ယူပေးခဲ့သည်။ ပန်းဘက်က တတ်နိုင်သမျှ ကြိုးစားခဲ့ပြီဖြစ်သည်။
အိမ်ရှေ့ကို ရောက်တော့ ထပ်ပြီး လဲကျမှာ စိုးတာကြောင့် အိမ်တံခါးပေါက်ထိလိုက်ပို့ပေးခဲ့ပေမယ့် အိမ်ထဲတော့မဝင်နိုင်ပါ။ ကိုယ့်နေရာကို သိသင့်သည်မလား။ ပန်းရဲ့နေရာဟာ တံခါးရှေ့တွင် ပြီးဆုံးပြီဖြစ်သည်။ ဒါကြောင့် ပန်းပြန်လှည့်ထွက်ခဲ့သည်။ နာကျင်ခြင်းဆိုသည်ထက် ရှုပ်ထွေးခြင်းကပါ ရောယှက်လျှက်ရှိသည်။ အန်တီ၏ အသည်းကွဲရောဂါကို ဘယ်လို ကုသပေးရမှန်း ပန်း မသိပေ။ကိုယ့်ကိုယ်ကိုယ်တောင် မကုသနိုင်သေးဘူးမဟုတ်ပါလား။

LoveWhere stories live. Discover now