အန်တီ မနက်စာပြင်မယ်ဆိုသည့်အတွက် ပန်း ရေအရင်ချိုးနေလိုက်သည်။ ရေချိုးနေတုန်း အန်တီရဲ့ အော်သံကြောင့် ဘေးမှာရှိသည့်အဝတ်ကို အမြန်ပတ်ကာ ပြေးထွက်လာခဲ့ရသည်။
"အား..."
"ဘာဖြစ်တာလဲ အန်တီ"
ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးအော်နေသော အန်တီကြောင့် စိုးရိမ်စိတ်ကမြင့်တက်လာသည်။ အန်တီသည် ကြောက်ရွံထိတ်ဘန့်နေသောမျက်နှာဖြင့် မီးဖိုကို လက်ညှိုးထိုးပြသည်။ မီးဖိုပေါ်တွင် ဆီဒယ်အိုးတစ်လုံးရှိသည်။ ထိုဆီဒယ်အိုးထဲတွင် တူးနေပြီဖြစ်သော ကြက်ဥကြော်ရှိနေသည်။ အနံ့ကြောင့်သာ ကြက်ဥကြော်ဥဟု ကောက်ချက်ချရသော်လည်း ပုံပန်းသဏ္ဍာန်ကတော့ အလွန်တရာထင်ရှားခြင်းမရှိလှချေ။ ဒီအတိုင်း မဲတူးနေသောအပြားကြီးတစ်ခုသာဖြစ်သည်။ မီးဖိုကို အမြန်ပိတ်လိုက်ကာ အိုးကို ဘေးချလိုက်သည်။ ထို့နောက် ချစ်ရသူကို အမြန်ကြည့်ရပြန်သည်။
"ဘယ်နားခိုက်မိသွားသေးလဲ အန်တီ"
"အဟင့်...ဟင့်...အဟင်း"
မေးလိုက်တော့မှ ကလေးလေးလို အော်ငိုလာသော အန်တီကြောင့် ပန်း ရင်ထဲ ထိတ်သွားသည်။ အကြီးအကျယ်များ ခိုက်မိသွားသလားဟုပင် စိတ်ပူသွားသည်။
"ဘာမှမဖြစ်တော့ဘူးနော် အန်တီ"
"အကောင်လေးရှိတယ်။ ဘာမှမဖြစ်တော့ဘူး။"အန်တီ့ကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ ကျောလေးကို အသာအယာပွတ်သပ်ပေးနေလိုက်သည်။
"ခိုက်မိသွားတဲ့နေရာလေး ပြပါဦး အန်တီ"
"ဟင့်အင်း...မပြဘူး။"
ရှိုက်နေရင်းနဲ့ လက်ကလေးကို ဖွတ်လိုက်တာကြောင့် လက်ကို ခိုက်မိမှန်းသတိထားမိသည်။ ဒီအချိန်ထိ နေနိုင်ပုံထောက်ရင်တော့ ကျိုးသွားတာလည်း မဖြစ်နိုင်။အကြီးကြီး ခိုက်မိတာမျိုးမဟုတ်တာကြောင့် အနည်းငယ်တော့ စိတ်လျှော့လိုက်ရသည်။ သို့သော် အန်တီ၏ ကိုယ့်ပေါ်တွင် ခြစ်ရာသေးသေးလေးတောင် မရှိစေချင်ပေ။
"ပြမှ ဆေးလိမ်းပေးလို့ရမှာပေါ့ အန်တီရဲ့"
"ပြလိုက်ရင် ဆေးထိုးတော့မှာမလား"
"အဟင်း...အဟင်း"
YOU ARE READING
Love
Romanceအချစ်ကို ဖွဲ့နွဲ့မပြတတ်ပေ။ အချစ်ဆိုတာ ပျော်ရွှင်မှုသာ ဖြစ်မည်။ လုံခြုံမှုသာ ဖြစ်မည်။ နှလုံးသားရဲ့ ဖွဲ့နွဲ့မှုလည်းဖြစ်နိုင်သည်။