Part 14

1.6K 112 5
                                    

"ဟယ်လို ပန်း"

"အင်း မြင့်သူ ပြော"

"နင့်အန်တီကို တီချယ် အိမ်ရှေ့မှာတွေ့ခဲ့တယ်။ ကြည့်ရတာ တီချယ်နဲ့ သူ့ရည်းစားကို မြင်သွားတဲ့ပုံပဲ။"
"ဟယ်လို ပန်း...ပန်း"

"ဒီတစ်ယောက်ကလည်းနော်။ သူများပြောနေတုန်း ဖုန်းကို ချသွားပြန်ပြီ။"

မြင့်သူရဲ့ ပြောစကားကြောင့် အန်တီ့ကို စိတ်ပူမိသည်။ ထို့ကြောင့် အမြန်ပင် ဖုန်းချကာ အန်တီ့ဆီပြေးလာခဲ့သည်။ ထိုအမျိုးသမီးဟာ သန်မာချင်ယောင်ဆောင်နေတဲ့ နူးညံ့လွန်းသူမဟုတ်လား။ ငိုချပစ်မည့်အစား တင်းခံနေတတ်သောကြောင့် ပို၍ နာကျင်နေရတတ်သူမဟုတ်လား။တစ်ယောက်တည်း မျက်ရည်လည်းမကျနိုင်ဘဲ အထီးကျန်နေမှာကို ပန်းစိတ်ပူပါသည်။ နာကျင်မှုကို မဖော်ပြသည့် သူတွေဟာ ပိုမို နာကျင်တတ်ကြသည်ဆိုတာကို ပန်းကောင်းကောင်း သိပါသည်။ ထိုအရာကို ပန်းဘဝနှင့်ရင်း၍ သိပါသည်။

အခန်းရှေ့ရောက်တော့ ကိုယ်ရှိန်သတ်ကာ တံခါးကို ဖွင့်လိုက်မိသည်။ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းဟာ ပန်းကို မျက်ရည်တွေကျလာစေဖို့ လုံလောက်ခဲ့ပါသည်။ အမေ ဖောက်ပြန်နေမှန်းသိခဲ့တဲ့အချိန်၊အဖေနဲ့ အမေ ကွာရှင်းခဲ့တဲ့အချိန်၊အမြဲတမ်း သူများအကြိုက်ပဲ လိုက်နေခဲ့ရင်း ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးခဲ့တဲ့ အချိန်တွေမှာတောင် ပန်းဆိုသော သူဟာ မျက်ရည်တစ်စက်မကျခဲ့ပါ။မျက်ရည်ကျနေခဲ့ရင် ပိုမို ဖိနှိပ်လာမည့် သူများကြာင့် တင်းခံခဲ့သည်။ သို့သော် ဒီတစ်ခါတော့ ပန်း မထိန်းနိုင်‌လိုက်ခင်မှာ မျက်ရည်တွေဟာ ပါးပေါ်မှာ စိုစွတ်နေပြီဖြစ်သည်။

'တော်သေးတာပေါ့။ အန်တီ အဆင်ပြေနေလို့'

စိတ်ထဲကနေပဲ ပြောရင်း အသာအယာပြုံးကာ တံခါးကို သူတို့ မသိအောင် ပိတ်လိုက်သည်။ သူတို့ ဟုတ်တယ် သူတို့ပါ။
ခုံပေါ်တွင်ထိုင်နေသည့် အန်တီနှင့် သူ့ပေါင်ပေါ်မှာ ထိုင်ရင်း အန်တီနှုတ်ခမ်းတွေကို အပိုင်သိမ်းထားတဲ့ အတွင်းရေးမှူးမလေး အစ်မမေ...
သူတို့အဆင်ပြေနေကြပါတယ်။ ပန်းလည်းအဆင်ပြေပါတယ်။ အန်တီအထီးကျန်ဝမ်းနည်းမနေတဲ့အတွက်၊ တစ်ယောက်တည်းငိုမနေတဲ့အတွက်ပေါ့။ ဒါပေမယ့် ပန်း အဆင်မပြေပါဘူး။ ပန်းဘဝရဲ့ အကြီးဆုံး စိတ်ဒဏ်ရာဟာ တစ်ကျော့ပြန်လည်လာသလိုပင်။ အမေကို ထို့သို့ပုံစံဖြင့်တခြားယောကျ်ားတစ်ယောက်နှင့် မြင်ကွင်းကို ပန်း ရင်ဆိုင်ခဲ့ရပြီးတည်းက ပန်းအတွက် ထိုသို့သော ထိတွေ့မှုများဟာ ကိုယ်တိုင်လုပ်ဖို့မပြောနှင့်၊ မျက်စိနှင့်ပင် မကြည့်နိုင်ခဲ့ပေ။ ဘာကြောင့် ပန်း၏ အမေနဲ့ အန်တီက ပန်းကို အနာကျင်ဆုံး အရာကိုမှ မြင်တွေ့စေရသည်ကို ပန်း နားမလည်နိုင်ပေ။
အခန်းရှေ့က ထိုင်ခုံလေးမှာပဲ ပန်းထိုင်ရင်း အဝေးတစ်နေရာကို ငေးကြည့်နေမိသည်။ပါးပေါ်က မျက်ရည်တွေကတော့ ခြောက်သွေ့မသွားချေ။ အမေကိစ္စတုန်းကလည်း ပန်းတွင် ခံစားချက်ပေါင်းစုံဝင်လာဲ့သော်လည်း ထိုထဲတွင် အကြီးဆုံးခံစားချက်မှာ ကြောက်ရွံ့စိတ်ဖြစ်သည်။ မကောင်းဆိုးဝါးတစ်ကောင်အဖြစ်ပြောင်းလဲသွားမည့် ပန်းကို ကြောက်ရွံ့မိသည်။ ထိုမကောင်းဆိုးဝါးက ပန်းကို မဟုတ်ဘဲ ပန်းချစ်သည့် လူများကို နာကျင်စေမိမှာကြောက်ပါသည်။ ယခုအချိန်တွင်လည်း တူညီသောခံစားချက်ကို ပန်း ခံစားရသည်။
ပန်း အန်တီ့ကို ထိခိုက်အောင်လုပ်မိမှာ...
ပန်း အန်တီ့ကို နာကျင်အောင်လုပ်မိမှာကို
ပန်း အကြောက်ဆုံးဖြစ်သည်။

LoveWhere stories live. Discover now