"ကလေးလာ ပြန်ကြစို့။"
"ဘာကြည့်နေတာလဲ တို့ကို""ကားနဲ့လား။ ကျောပိုးရမှာလားလို့ အကဲခတ်နေတာ"
ချက်ချင်းမျက်နှာတွေနီရဲလာကာ ရှက်လာသော အန်တီသည် သူမဟုတ်သလိုပင်။
"မလို..မလိုပါဘူး။ တို့မမူးသေးဘူး။"
"ဒါပေမယ့် သောက်တော့သောက်ခဲ့တယ်မလား။"
"အင်း။ နည်းနည်း"
"ဒါဆို ကားသော့ပေး။ ကလေးပဲမောင်းခဲ့တော့မယ်။"
"ကလေးမောင်းနိုင်လို့လား။ ညကြီးကို"
"အမလေး အဒေါ်ကြီးရယ် ကျွန်မအဖေက ကားဆရာပါရှင့်။"
"ကျွန်မရဲ့ ဝါသနာပေါင်းသောင်းခြောက်ထောင်ထဲမှာလည်း ကားမောင်းတာပါတာကြောင့် မကြောင့်ကြမစိုးရိမ်ပဲ လိုက်လာနိုင်ပါကြောင်းပါရှင့်။"အတော်မျက်နှာပြောင်သည့်ကလေးပါပင်။ လူကိုများ စစရာမှန်လို့။အဒေါ်ကြီးလို့ကလည်း ခေါ်သေးသည်။ တကယ်ပါပဲ။ ဟိုလူက တူမလားမေးလို့ စိတ်ရှုပ်ရတဲ့အထဲကို သူကပါ အဒေါ်ကြီးလာခေါ်နေသေးတယ်။
"တော်ပြီ။ မင်းနဲ့ စကားမပြောတော့ဘူး။"
ရှေ့ကနေ မျက်နှာကြီး မှုန်သုန်ကာ ဆောင့်အောင့်သွားသော အန်တီနောက်သို့ ပြုံးရွှင်စွာ အမြန်လိုက်ရတော့သည်။
"ကဲ အိမ်ရောက်ပါပြီရှင့်။"
"မင်းကရော ဘယ်လိုပြန်မလဲ။"
"ဪ ပြန်စေချင်တယ်ပေါ့ သူများကို
တစ်ညလောက်တောင် ခေါ်မထားချင်ဘူးပေါ့။"
"သူများအိမ်ကျ သူ့အိမ်လို အိပ်ချင်တိုင်းအိပ် ဝင်ချင်တိုင်းဝင်ပြီးတော့ အန်တီကြီးတွေများနော် ကောင်းကိုမကောင်းဘူး။"ဒီနေ့မှ ထူးထူးဆန်းဆန်း ပိုပြီးစနောက်နေသော အကောင်လေးကို နည်းနည်းကို အံ့ဩမိပေမယ့် နွယ်သဘောကျပါသည်။ကိုယ့်ချစ်ရသူ ကိုယ့်အပေါ် ဆိုးနွဲ့ခြင်းကို မကြိုက်တဲ့သူ မရှိနိုင်ပြီမဟုတ်ပါလား။
"ဟုတ်ပါပြီကွယ်။တို့ တောင်းပန်ပါတယ်နော်။"
"စိတ်မကောက်ပါနဲ့တော့လို့ နော်~နော်"
YOU ARE READING
Love
Romanceအချစ်ကို ဖွဲ့နွဲ့မပြတတ်ပေ။ အချစ်ဆိုတာ ပျော်ရွှင်မှုသာ ဖြစ်မည်။ လုံခြုံမှုသာ ဖြစ်မည်။ နှလုံးသားရဲ့ ဖွဲ့နွဲ့မှုလည်းဖြစ်နိုင်သည်။