"ပန်း ငါ ဒီမှာ"
မြင့်သူရဲ့ရှေ့တွင် အသာဝင်ထိုင်လိုက်သည်။
"ပြောပါဦး။ သူ့အန်တီနဲ့အဆင်ပြေသွားတည်းက ပေါ်ကိုမလာတော့တာ"
"ဟုတ်တယ်။ အန်တီနဲ့ ငါနဲ့အကြောင်းကို နင်တစ်ယောက်ပဲ အစအဆုံးသိတယ်။ ငါ့ရဲ့ အကြောင်းကိုလည်းနင်ပဲသေချာသိတယ် မြင့်သူ"
"ငါသာ အန်တီ့ပြိုင်ဘက်ဖြစ်မယ်ဆိုရင် ပန်းဝင့်လွှာကို အသုံးချဖို့ မဖြစ်နိုင်မှန်းသိလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက သူ့အန်တီကို ထိခိုက်အောင် ဘယ်တော့မှလုပ်မှာမဟုတ်ဘူးလေ။"
"ဒါဆို ငါ ဘယ်သူ့ကို ရွေးမလဲ မြင့်သူ"မြင့်သူ၏ မျက်နှာဟာ လုံးဝကို ပျက်ထွက်သွားသည်။
"ငါ ငါ ဘယ်သိမလဲဟ"
"ငါမှ နင့်အန်တီရဲ့ ပြိုင်ဘက်မဟုတ်တာ""အမှန်ပဲ။ ငါ့အပေါ်ရော အန်တီအပေါ်မှာရော ဘာမှရန်ငြှိုးမရှိဘဲ ဘာလို့အဲ့လိုလုပ်ရတာလဲ။"
မြင့်သူ ပန်းအကြောင်းကို ကောင်းကောင်းသိသည်။ သူ့ကို လိမ်လို့ရတဲ့သူ ရှိမည်မဟုတ်။ မြင့်သူကိုယ်တိုင်တောင်မဖြစ်နိုင်ပေ။ လိမ်နေလို့လည်း မထူးပေ။ သို့သော်မြင့်သူကြောက်ပါသည်။ ပန်းဟာ သူ့အန်တီကို ဘယ်လောက်ချစ်မှန်း မြင့်သူသိသည်။ အန်တီ့အတွက်သာဆို မိသားစုပါ မချန် သွေးအေးစွာစွန့်ပစ်ရဲသူဖြစ်သည်။ မြင့်သူဟာ ပန်းရဲ့ သူငယ်ချင်းတစ်ယောက်မဖြစ်နိုင်တော့ကြောင်း သတိရလိုက်မိတဲ့အခါ ကြောက်စိတ်တို့ဟာ တဖွားဖွားပင်။ ပန်းဝင့်လွှာသည် မိတ်ဆွေဖြစ်ရင်ဖြစ်၊ မဖြစ်ရင် တစ်ခါမှ မသိသည့်သူတွေဖြစ်မှရမည်။ သူ၏ ရန်သူဖြစ်၍မရပေ။ ပန်းဝင့်လွှာ၏ ရန်သူဖြစ်ရခြင်းဟာ အလွန်ကြောက်စရာကောင်းပါသည်။ ငရဲပြည်ထိထွက်ပြေးရင်တောင် အပါက်မှ ငုတ်တုတ်လာစောင့်ကာ ဖျက်ဆီးမည့်သူမျိုးဖြစ်သည်။
'ဟင့်အင်း တောင်းပန်ပါတယ်။ ငါ့ကိုပါ မစွန့်ပစ်လိုက်ပါနဲ့။'
ဟုသာ စိတ်ထဲတွင် အကြိမ်ကြိမ်တောင်းပန်နေမိသည်။
သေချာပေါက် ပန်းသိလိမ့်မည်။ သို့သော် အသက်ဝင်မလာတော့သော မျက်လုံးများသည် တောင်းပန်မှုကို လက်မခံကြောင်းပြသနေသည်။
YOU ARE READING
Love
Roman d'amourအချစ်ကို ဖွဲ့နွဲ့မပြတတ်ပေ။ အချစ်ဆိုတာ ပျော်ရွှင်မှုသာ ဖြစ်မည်။ လုံခြုံမှုသာ ဖြစ်မည်။ နှလုံးသားရဲ့ ဖွဲ့နွဲ့မှုလည်းဖြစ်နိုင်သည်။