ငြင်းခုံနေသံများကြောင့် ပန်း အိပ်နေရာမှ ထလိုက်သည်။သေချာနားစိုက်ထောင်ကြည့်တော့ အဖေနှင့် အဒေါ်ပင်။
"ငါကလေ ဒီအသက်အရွယ်ကြီးထိ မီးဖိုချောင်ဝင် သန့်ရှင်းရေးလုပ်နဲ့ လုပ်နေတာကိုမှ အားမနာ မီးဖိုထဲဝင်ပြီးရင် အကုန် ပို့လို့ပက်လက်နဲ့ ငါကပဲ အိမ်ဖော်မကြီးကျလို့။"
"ကျွန်တော် တိုဟူးခြောက်ကြော်တာ ဆီတွေပိုနေလို့ အိုးကို ဒီတိုင်းထားခဲ့တာလေ။
ရတယ် ဆီတွေ သွားသွန်ပြီး ဆေးပေးလာခဲ့မယ်။""အေးပေါ့အေ။နင်တို့ ငွေမရှာရတော့ လုပ်ပေါ့အေ။ငါ့ညီမနှစ်ယောက်က မနက်မိုးလင်းခင်တည်းက ထပြီး နေပူမိုးရွာမရှောင် ဈေးရောင်းရတဲ့ပိုက်ဆံတွေကို ဖြုန်းတီးနေလိုက်တာ။"
"နောက်နေ့က စပြီး မီးဖိုချောင်လည်း မဝင်ဘူး။နင်တို့ဘာသာ ဖြစ်သလိုပဲစားကြ။ငါလည်း ငါ့ဘာသာ လူအိုရုံပဲ သွားတော့မယ်။"
"ဟိုနှစ်ယောက် ပြန်လာရင်လည်းပြောမှာ ငါ မီးဖိုထဲမဝင်တော့ဘူးလို့ကို ကျိန်ပြောမှာ။ပြီးရင် ငါလည်း ဆေးတွေအများကြီး သောက်သေပစ်မယ်။"အဒေါ်ရဲ့ ဒေါသတကြီးအော်ဟစ်နေတဲ့ အသံနဲ့ အဖေရဲ့ ဆိုင်ကယ်သရှေ့ဆင့်နောက်ဆင့်ပင် ကြားလိုက်ရသည်။ဒါတွေက အသားကျနေပြီ ဖြစ်သော်လည်း အခုထိ အသားမကျသေးပေ။
သူ့ဆီသွားတာပဲကောင်းသည်။ပြင်ဆင်ကာ အိမ်ကနေ ထွက်လာခဲ့သည်။
"တီချယ်"
"ပန်း ဘယ်လိုရောက်လာတာလဲ။"
"နှစ်ယောက်တည်း စကားပြောလို့ရမလား။"
နှစ်ယောက်တည်းလို့ ပြောလိုက်ရသည့် အကြောင်းမှာ ဘေးက ပြည့်ဝနိုင်ကြောင့်ဖြစ်သည်။
"အင်း။လိုက်ခဲ့"
"ပြောလေ ပန်း။ဘာပြောစရာရှိလို့လဲ။"
"တီချယ် တစ်ယောက်ကို ရွေးချယ်ပြီးပြီလား။"
အတန်ကြာငြိမ်သက်နေသော တီချယ်က တွေးတောနေပုံရသည်။
"အင်း။ဆုံးဖြတ်ချက်က ရှိနေပြီထင်တယ်။"
"သိခွင့်ရှိမလား တီချယ်။"
"တို့...တို့ ပြည့်ဝနိုင်နဲ့အတူရှိရတာကို ပိုကြိုက်တယ်။"
ပြောရင်းနဲ့ ခေါင်းငုံ့ပြီး ငိုနေတာကြောင့် ငေးကြည့်နေမိသည်။ဒီတခါတော့ တစ်ကိုယ်ကောင်းဆန်ပါရစေ။မနှစ်သိမ့်ပေးချင်ပါ။
YOU ARE READING
Love
Romanceအချစ်ကို ဖွဲ့နွဲ့မပြတတ်ပေ။ အချစ်ဆိုတာ ပျော်ရွှင်မှုသာ ဖြစ်မည်။ လုံခြုံမှုသာ ဖြစ်မည်။ နှလုံးသားရဲ့ ဖွဲ့နွဲ့မှုလည်းဖြစ်နိုင်သည်။