Part 7

1.7K 115 2
                                    

ဒီနေ့တော့ သင်တန်းရှေ့မှာ အကောင်လေးကို တောင်းပန်ဖို့ အစောကြီးထဲက ထိုင်စောင့်နေလိုက်သည်။ လမ်းဘေးနား သစ်ပင်အောက်ရှိ ခုံတန်းရှည်လေးပေါ်တွင်ထိုင်‌ကာ ပန်းဝင့်လွှာကို စောင့်နေသည့် မြန်မာဝတ်စုံနှင့်အမျိုးသမီးမှာ အလွန်ကျက်သရေရှိပါသည်။ မြန်မာဝတ်စုံနှင့် suit နှစ်မျိုးလုံးနှင့် လိုက်ဖက်သော ထိုအမျိုးသမီးဟာ suit ဝတ်ထားသည့်အခါ Daddy type မျိုးဖြစ်ပြီး ချောမောခန့်ညားသည်၊ မြန်မာဝတ်စုံဝတ်ထားသည့်အခါ အိန္ဒြေရှိသော အမျိုးသမီးတစ်ယောက်အဖြစ်‌ပြောင်းလဲသွားကာ Mommy type ဖြစ်သွားပြန်သည်။ မည်သည့်အဝတ်အစားပုံစံကို ဝတ်ဆင်စေကာမူ ဒေါ်ခင်ထားနွယ်၏ မာန်ဟာ သိသာထင်ရှားပါသည်။

'ဟော ရောက်လာပါပြီ။တို့ရဲ့ အကောင်လေး'

တို့ကို ကြည့်နေတဲ့မျက်ဝန်းများသည် ပဟေဠိဖွက်နေသလိုပင်။ နွယ့်လို လူတွေရဲ့ ယုံကြည်မှုနဲ့ သစ္စာကို အရင်းတည်တဲ့ စီးပွားရေးနယ်ပယ်မျိုးမှာ ကျင်လည်နေသူတောင် သူ့မျက်လုံးကို ကြည့်ပြီး သူ့စိတ်ကို မခန့်မှန်းနိုင်ပေ။ သို့သော် နွယ့်ကို စိတ်ဆိုးမနေတာတော့ သေချာ‌ကြောင်းကိုတော့ သူ့ရဲ့ နူးညံ့တဲ့ မျက်ဝန်းနက်နက်ကလေးက သက်သေပြနေသည်။

ရှေ့မှာ လှမ်းမြင်နေရတဲ့ တီချယ့်ချစ်သူဟာ သိပ်ကို ပြည့်စုံတဲ့ သံစဉ်တစ်ခုလိုပင် လှပငြိမ့်ညောင်းသည်။ သို့သော် ဒီသံစဉ်ရဲ့ သီဆိုသူရော ဖန်တီးသူပါ ပန်းမဟုတ်ခြင်းဟာ အတော်လေးဝမ်းနည်းစရာကောင်းပါသည်။ ပန်းကို စောင့်နေမှန်းသိသောကြောင့် သူ့ရှေ့တွင် လျှောက်နေသည့်ခြေထောက်များအားရပ်တန့်လိုက်သည်။

‌ရှောင်သွားမယ်ထင်ပေမယ့် ရှေ့တည့်တည့်မှာရပ်တဲ့ ဒီကလေးမကြောင့် အနည်းငယ်တော့ အံ့ဩမိပါသည်။ သို့သော် တောင်းပန်ဖို့တာဝန်ရှိနေသည်မဟုတ်လား။ ဒါကြောင့် အရင်ဆုံး ခုံပေါ်မှ ထလိုက်ကာ သူ့ရှေ့မှာ  သေချာမတ်တပ်ရပ်လိုက်သည်

"ပန်း အဆင်ပြေပါတယ်"

ဘယ်ကနေစတောင်းပန်ရမလဲ စာစီထားခဲ့ပေမယ့် နွယ့်အသံတစ်ချက်မထွက်ရသေးခင် အရင်ပြောလာတဲ့ ဒီကလေးမက ထူးဆန်းသည်။အနည်းငယ်...မဟုတ်ဘူး။ အတော်လေးကို ထူးဆန်းပါသည်။ ကိုယ့်ကို အလကားနေရင်း ပါးရိုက်တဲ့သူကို အနည်းငယ်ဖြစ်ဖြစ်တော့ စိတ်ဆိုးသင့်သည်မလား။ ဒီအကောင်လေးဟာ သိပ်ကို ထူးဆန်းပါသည်။

LoveWhere stories live. Discover now