"အန်တီကတော့လေ..."
ကားကို ယူကာ အမြန်မောင်းလာလိုက်ဖို့လုပ်လိုက်သည်။ ထို့နောက် ကားစီးမှာမဟုတ်သည့် သူ့ကြောင့် ဆိုင်ရှိ ကားပါကငင်တွင် ကားကို ထိုးလိုက်ပြီး သော့ကိုသာ ယူလာခဲ့သည်။ ကားကိုတော့ နောက်နေ့မှ ပြန်လာယူရုံသာရှိသည်။ ပန်း သိပါသည်။ ထိုအမျိုးသမီး ဘယ်မှာဘာလုပ်နေမယ်ဆိုတာကိုရော၊ မူးလာရင် လုပ်တတ်သည့်အပြုအမူတွေကိုရောပေါ့။ ဘာကြောင့်လဲလို့မေးရင်တော့ ပန်းက အန်တီမူးနေတဲ့အချိန်မှာ အတူရှိနေခဲ့ဖူးလို့ပါပဲ။
ဆိုင်ထဲသို့ ရောက်သောအခါ အနောက်တိုင်းဝတ်စုံကို သန့်သန့်ပြန့်ပြန့်ဝတ်ထားသော အမျိုးသားတစ်ယောက်က ပန်းကို နှုတ်ဆက်သည်။
"ညီမ ရောက်လာပြီလား။
ဒီတစ်ခါလည်း အန်တီ့ကို လာခေါ်တာပေါ့။""ဟုတ်ကဲ့ အစ်ကို"
" ဝင်သွားတာတော့ နည်းနည်းကြာပြီ။ ပြန်ထွက်မလာသေးဘူး။"
"ဟုတ်ကဲ့ ကျေဇူးပါ အစ်ကို"
"မလိုပါဘူးကွာ။ ညီမကူညီခဲ့တာတွေက နည်းတာမှမဟုတ်ဘဲ လိုအပ်ရင် ဘယ်အချိန်မဆိုပြော
အစ်ကိုကူညီနိုင်တာဆို ကူညီပေးမယ်။""ဟုတ်ကဲ့ အစ်ကို"
အထဲဝင်သွားသည့် ပန်းဝင့်လွှာကို ကြည့်ရင်း နေတင့် ရေရွတ်မိသည်။
"ဒေါ်ခင်ထားနွယ် ကံကောင်းသကိုး...ဒီလောက်ထိ ချစ်တဲ့သူရှိတာ"
ထိုအချိန် နေတင့်၏ခါးပေါ်သို့ လက်တစ်စုံရောက်ရှိလာသည်။ ထိုလက်ပိုင်ရှင်ဟာ ဖြူဖွေးသောအသားအရည်ကို ပိုင်ဆိုင်ထားပြီး
နေတင့်ထက်စာလျှင် လူကောင်အနည်းငယ်သေးသော ကောင်လေးတစ်ယောက်ဖြစ်သည်။ ကောင်လေးဝတ်စားထားသည့် ယူနီဖောင်းကို ကြည့်ခြင်းအားဖြင့် ထိုဘားတွင် အလုပ်လုပ်နေသော စားပွဲထိုးမှန်းသိသာနိုင်သည်။"အစ်ကို့မှာလဲ ကျွန်တော်ရှိတယ်လေ"
နေတင့်၏ နှုတ်ခမ်းဖျားဟာ အပေါ်သို့ ကွေးတက်သွားသည်။ ထို့နောက် သူ့ခါးပေါ်ရှိ လက်သေးသေးလေးကို အသာလေးကိုင်လိုက်သည်။
YOU ARE READING
Love
Romanceအချစ်ကို ဖွဲ့နွဲ့မပြတတ်ပေ။ အချစ်ဆိုတာ ပျော်ရွှင်မှုသာ ဖြစ်မည်။ လုံခြုံမှုသာ ဖြစ်မည်။ နှလုံးသားရဲ့ ဖွဲ့နွဲ့မှုလည်းဖြစ်နိုင်သည်။