Part 9

1.6K 106 4
                                    

ပြီးခဲ့သည့်ကိစ္စတွင် တီချယ်တို့ သုံးယောက်ဖြစ်နေတာတွေကို ပန်း ငြိမ်ငြိမ်လေးကြည့်ရင်း ထိုအမျိုးသမီးအဆင်ပြေရဲ့လားဆိုတာ အကဲခတ်နေခဲ့မိသည်။ ထိုအချိန်တွင် တွေးမိသောအတွေးမှာ...

'တီချယ်က ပြောင်းလဲလာတာပဲ...
ဟင့်အင်း မဟုတ်ဘူး...ပြည့်ဝနိုင်လည်း ပြောင်းလဲလာတယ်...ဒီလိုဖြစ်လို့မရဘူးလေ...ဒီလို‌တွေဖြစ်ကုန်‌ရင် တီချယ့်ကို သိပ်ချစ်တဲ့ အမျိုးသမီးကရော'

အားလုံးပြီးသွားတဲ့နောက်မှာ ပန်း ဆုံးဖြတ်ချက်တစ်ခုချခဲ့လိုက်သည်။ ဒီထက်ပိုပြီး သတ္တိရှိမှ ဖြစ်မည်။ မဟုတ်လျှင် ပိုမိုရှုပ်ထွေးလာတဲ့ အခြေအနေမှာ ချစ်ရသူကို ကာကွယ်နိုင်မည်မဟုတ်။

'သူ အဆင်မပြေဘူး'ဆိုတဲ့ အသိက ပန်းရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် တွန်းအားပေးသည်။

တီချယ်အခြေအနေကို ‌စောင်းငဲ့ကြည့်တော့ သူအဆင်ပြေနေသည်။ တစ် ယောက်တည်းခဏလောက်နေရင် တွေးတောရင်း အဖြေရကောင်းရနိုင်လိမ့်မည်။ ဒါဆို ပန်း လုပ်စရာရှိတာလုပ်ဖို့သာကျန်တော့သည်။ သင်တန်းပိတ်ကြောင်းကို ပြည့်ဝနိုင်ကို ပြောခိုင်းခဲ့ကာအမြန် ပြေးထွက်ခဲ့မိသည်။

အမြန်ဆုံး ပြေးလိုက်သွားပေမယ့် သူ့ရဲ့ကားကို မမှီတော့ချေ။
‌နီးစပ်ရာကနေ ကားငှား၍ သူရှိရာကို လာခဲ့လိုက်သည်။
၈ ထပ်တိုက်အပေါ်ဆုံးတွင် ကြီးမားထည်ဝါစွာရှိနေသော 'Hook Fashion & Design ' ဆို‌သော ဆိုင်းဘုတ်ကြီးကို မြင်ရသည်။

"ဒေါ်ခင်ထားနွယ်နဲ့တွေ့ချင်လို့ပါ"

"CEO နဲ့ချိန်းထားပါသလားရှင့်။ ဒါမှမဟုတ် ဘယ်သူလို့ပြောပေးရမလည်းရှင့်။"

"မချိန်းထားပါဘူး။ ပန်းဝင့်လွှာ ရောက်နေတယ်လို့ ပြောပေးပါနော်။"

ခပ်မြန်မြန် ထွက်သွားသော ဝန်ထမ်းကောင်မလေးကို အသာငေးကြည့်‌နေမိသည်။ သူ အဆင်မပြေဘူး ဆိုတဲ့အတွေးဟာ တည်ငြိမ်လွန်းတဲ့ ပန်းရဲ့ စိတ်ကိုပင် အလုံးစုံ ဖျက်စီးပစ်နိုင်ပါသည်။

"အစ်မနောက်လိုက်ခဲ့ပါ ‌ညီမလေး။"

"ဟုတ်ကဲ့။"

LoveWhere stories live. Discover now