Part 27

2K 146 4
                                    

ပန်းဝင့်လွှာနှင့် အဆက်အသွယ်ပြတ်သွားသည်မှာ တစ်ပတ်ကြာပြီဖြစ်သည်။ ဒီထက်ပို၍ ဒေါ်ခင်ထားနွယ်စိတ်မအေးနိုင်တော့ပါ။

"တို့ သူရှိနိုင်တဲ့နေရာတွေကို အရင်ရှာကြည့်လိုက်မယ်။"

"မြင့်သူရှာပါ့မယ်။ အန်တီရဲ့ ကုမ္ပဏီက ပစ်ထားခဲ့လို့မရသေးဘူးလေ။ အခုမှ အစကနေ ပြန်စ‌နေတုန်းပဲရှိသေးတယ်။ မြင့်သူပဲ ရှာ
လိုက်ပါ့မယ်။"

"ဟုတ်ပါတယ်။ သူဌေး မေလည်းရှာပေးပါ့မယ်။ သူဌေးကတော့ Hook ကိုပစ်ထားခဲ့လို့မဖြစ်ပါဘူး။"

"Hook Hook Hook ကို ဘာလုပ်ရမှာလဲ။ ပန်းဝင့်လွှာမရှိရင် Hook ဆိုတာက အမှိုက်တစ်စသာသာပဲရှိတယ်။"
"တို့ ကိုယ်တိုင်သွားရှာမယ်။"

ပြောလို့ဆိုလို့မရဘဲ ခေါင်းမာတာဟာ အန်တီတိုင်းရဲ့အကျင့်များလား။ အခုလည်း ပြောလို့ပင်မရချေ။ ရုံးခန်းထဲကနေ ထွက်သွားပြီဖြစ်သည်။ လက်ထဲက‌လည်း ဖုန်းကို ဆက်တိုက်ခေါ်နေသည်။သို့သော် တစ်ဖက်မှ သူကြားချင်သော ကလေးမရဲ့အသံကို မကြားနိုင်ပဲရှိနေသည်။ ကြာလေစိတ်အစဉ် ပြိုလဲစပြုနေချေပြီ။ ရအောင်ရှာမည်ဟု စိတ်မည်မျှပင် တင်းထားပါစေ ကိုင်သူမရှိတဲ့ဖုန်းကလေးဟာ ဒေါ်ခင်ထားနွယ်ကို ပြိုလဲလို့ပြိုလဲမှန်းမသိ ပြိုလဲစေကာ ငိုလို့ငိုနေမှန်းသတိမထားမိလောက်အောင် မျက်ရည်ကျစေသည်။ အချိန်ကြာလာတာနဲ့အမျှ စိတ်အစဉ်ဟာ ထားမသွားဖို့ထက် ဘေးကင်းဖို့ကိုသာ ပြောင်းလဲဆုတောင်းလာမိသည်။

'ကျေးဇူးပြုပြီး ဘေးကင်းကင်းရှိနေပေးပါ'
'ထားသွားမယ်ဆိုလည်း အပြစ်တင်မှာမဟုတ်လို့ ကျေးဇူးပြုပြီး ဘေးကင်းကင်းရှိနေပေးပါ။'

ဆုတောင်းတွေဟာလည်းပြောင်းလဲတတ်ပါသည်။ ထာဝရဖြစ်မယ်ထင်တဲ့ ဆုတောင်းတွေဟာလည်းပြောင်းလဲတတ်ကြပါသည်။ ဘယ်တော့မှထားမသွားဖို့တစ်ခုသာဆုတောင်းခဲ့တဲ့အမျိုးသမီးရဲ့ ဆုတောင်းသံတွေဟာလည်း ပြောင်းလဲလာနိုင်သည်။ အချစ်ကြောင့်ဖြစ်လာတဲ့အရာအာလုံးဟာအချစ်ကြောင့်ပဲ ပြောင်းလဲနိုင်ပါသည်။

"အန်တီ"

မြင့်သူရဲ့ ခေါ်သံကြောင့် နွယ် မျှော်လင့်တကြီးဖြင့်လှည့်ကြည်မိသည်။

LoveWhere stories live. Discover now