Part 19

1.8K 115 2
                                    

"အင်း ဟုတ်တယ် ဒုတိယနေရာက ကော်ဖီဆိုင်"
"နေ့လည်စာချိန် အမှီ တွက်ထားတာ"

"နေ့လည်စာစားချိန်ကို ကော်ဖီသောက်ခိုင်းတာက ပုံမှန်ပဲလား
အန်တီ"

"ဟို...နည်းနည်းတော့ တစ်မျိုးဖြစ်သွားပေမယ့်...အစားအသောက်ကျ မင်းဘာ‌ကြိုက်လောက်လဲ သေချာမသိတာနဲ့"
"ကော်ဖီကြိုက်တယ်လို့လည်း ကြားဖူးတော့လေ...အဲ့တာ နည်းနည်း အငွေ့အသက်ကာင်းတဲ့ကော်ဖီဆိုင်ဆို ဒိတ်လုပ်ချိန်အဆင်ပြေတယ်ဆိုလို့...အဲ့တာ...အဲ့လိုဖြစ်သွားတာ"
"ဒါပေမယ့် dinner တော့ပြင်ထားပါတယ်..."

ဟိုကြည့်ဒီကြည့်နဲ့ မျက်နှာရိပ်မျက်နှာကဲကြည့်ကာ ပြောချင်ရာတွေပြောနေသော အန်တီ့ကြောင့် ပန်း ပြုံးစိစိဖြစ်မိသည်။ လူတိုင်း အချစ်ရှေ့မှာတော့ အလွဲလွဲအချော်ချော်ချည်းပဲဆိုတာသိပ်မှန်သည်။ ဒေါ်ခင်ထားနွယ်လို မိန်းမတောင် နေ့လည်စားချိန်ကို ကော်ဖီသောက်ဖို့ခေါ်လာသေးတာပဲ။

"ဟို...ဘာသောက်မလည်း ကလေး"

"Black Coffee ကို နို့မှုန့်လေး တစ်ဇွန်းလောက်ထည့်ပေးပါ အန်တီ"

"ထူးဆန်းတဲ့ ကလေးမပဲ"

"အဟင်း...
နည်းနည်းပါ"

"အခုတော့ မင်းရဲ့ ဝါသနာနဲ့ ရင်းနှီးတဲ့လူတွေအကြောင်းပြောပြ"

"ဝါသနာကတော့ လုပ်လို့ရတာမှန်သမျှအကုန် ဝါသနာပါတယ်။သူငယ်ချင်း‌ထဲမှာဆိုရင် မြင့်သူရှိတယ်။ ကျန်တာတွေကတော့ မိတ်ဆွေတွေလောက်ပဲ။"

"အားတဲ့အချိန်တွေ ဘာလုပ်တတ်လဲ"

"ခုနကပြောတဲ့ လုပ်လို့ရတဲ့ ဝါသနာအကုန်လုပ်တယ်။"

"တို့ကတော့ သိတတ်တဲ့ အရွယ်ထဲက စီးပွားရေးလောကထဲမှာပဲ ရှိနေတာကြောင့် ဝါသနာဆိုလည်းဒါပဲ။အလုပ်ဆိုလည်း ဒါပဲ။အားလည်း ဒါပဲပေါ့။"

"စိတ်မပူပါနဲ့ အန်တီ။'အကောင်လေး' ဆိုတဲ့ဝါသနာတစ်ခုတိုးလာမှာပါ။"

"ဟား..ဟား
ဒါပေါ့။ပန်းဝင့်လွှာဆိုတဲ့ အကောင်လေးကတော့ တို့ရဲ့ အကြီးဆုံး ဝါသနာပေါ့။"

"ဒါနဲ့ အန်တီက ကော်ဖီဆိုင်ရွေးတာတော့ တော်သားပဲ။ လုံးဝကို ပန်းနဲ့ အန်တီနဲ့အငွေ့အသက်တွေရှိတဲ့နေရာလို့ခံစားရတယ်။"
"အာ...ဓာတ်ပုံရိုက်ပြီး Pim ကို ပြရမယ်။ သူက ကော်ဖီနဲ့ပတ်သက်ရင် ပန်းထက်အများကြီးပိုတော်တယ်လေ"

LoveWhere stories live. Discover now