ဒီနေ့လည်း ပန်း သင်တန်းကို အစောကြီးရောက်နေမိသည်။ နေ့တိုင်းအစောကြီးလာနေတာဆို ပိုမှန်လိမ့်မည်။ အိမ်ရှင်မရှိသေးတာကြောင့် အိမ်ပြင်ဘက်မှာပဲ စောင့်နေလိုက်တယ်။
လာပါပြီ။စောင့်နေတဲ့သူ
"ပန်း ရောက်နေတာကြာပြီလား"
"သိပ်မကြာသေးပါဘူး။"
ငယ်နဲ့ လျောက်လည်ပြီးအပြန် ငယ့်ကိုလိုက်ပို့ရင်းနဲ့ အိမ်ရှေ့မှာ မိုးရွာတဲ့နေ့က အကောင်လေးကို တွေ့လိုက်ရသည်။
တံခါးဖွင့်ပြီးဝင်သွားတဲ့ တီချယ်နောက်ကို လိုက်ပြီး ဝင်လာလိုက်တယ်။မျက်ဝန်း ထောင့်မှာမြင်နေရတဲ့ စူးစမ်းသလို မကြည်သလိုကြည့်နေတဲ့ မျက်ဝန်းတစ်စုံကိုတော့ မသိယောင်ဆောင်လို့ပေါ့။
"ပန်း ဟို ခဏလောက်..."
"တီချယ် သော့ပေးပါဦး။ ပန်း မနေ့က သင်တဲ့ဟာလေးတွေ တစ်ချက်ပြန်တိုက်ကြည့်ချင်လို့...
whiteboard ပေါ်မှာ မဖျက်ရသေးဘူးမလား တီချယ်
ပန်း အရင် သွားနှင့်လိုက်မယ်။"နွယ် အံ့အားသင့်သွားတာအမှန်ပါ။သူက ငယ့်ကိုကောင်းကောင်းကြီးသိနေတာပဲ။အံ့ဩစိတ်နဲ့အတူ ဘဝင်မကျမှုကလည်း ထောင်းကနဲ။နွယ်က ငယ်နဲ့ပတ်သက်ရင် သိပ်ကို အတ္တကြီးပါသည်။နွယ်တစ်ယောက်ပဲ ငယ့်ကို နားလည်သူဖြစ်ချင်ပါသည်။
နွယ်စဉ်းစားခန်းဖွင့်နေတုန်း အကောင်လေးကတော့မရှိတော့ပါ။ငယ်ကတော့ မီးဖိုမှာ ကော်ဖီဖျော်နေပြီ။
ငယ်နဲ့ပတ်သက်ရင် ကောင်းကောင်းသိတာပေါ့။ဒါက နွယ်သောက်နေကျကော်ဖီမှမဟုတ်ပဲ နွယ်ကြိုက်တဲ့ဟာလည်းဟုတ်မနေပြန်ဘူး။ထူးဆန်းလိုက်တာ ငယ်ကော်ဖီကောင်းကောင်းဖျော်တတ်တာကို တို့နဲ့နွယ်အပြင်ဘယ်သူ့မှမသိတာကို။ငယ်ကလည်း သူ့အတွက်မဟုတ်ရင် တို့အတွက်ပဲ ဖျော်လေ့ရှိတယ်။
"ဘယ်သူ့အတွက်လည်း ငယ်"
"ပန်းအတွက်ပါ။တစ်ယောက်တည်းဆိုတော့ ပျင်းနေမှာစိုးလို့လေ"
"သူ့အတွက်က သီးသန့်နော်။တို့နဲ့လည်းမတူ၊ငယ်နဲ့လည်းမတူသလိုပဲ"
YOU ARE READING
Love
Romanceအချစ်ကို ဖွဲ့နွဲ့မပြတတ်ပေ။ အချစ်ဆိုတာ ပျော်ရွှင်မှုသာ ဖြစ်မည်။ လုံခြုံမှုသာ ဖြစ်မည်။ နှလုံးသားရဲ့ ဖွဲ့နွဲ့မှုလည်းဖြစ်နိုင်သည်။