ကလေးမဆီက ဖုန်းကို ကိုင်လိုက်သည့် အချိန် မေ့ရဲ့လုပ်ရပ်ကြောင့် နွယ် လန့်သွားတာတော့အမှန်ပါ။ အကောင်လေးဟာ သိပ်ပြီး ဖြူစင်နူးညံ့သူမဟုတ်လား။ နွယ် ဖောက်ပြန်နေတာတောင် လွန်လှပြီ။ နွယ်လုပ်ရပ်တွေ အားလုံးဟာ အကောင်လေးကို နာကျင်စေဖို့ မရည်ရွယ်ပါ။ သို့သော် သူ့ကိုပဲ ဆက်တိုက် နာကျင်စေနေခဲ့သည် ထင်ပါရဲ့။
ဒီနေ့မနက်တော့ ဇွဲကောင်းကောင်းနှင့် ပန်းဝင့်လွှာ ပေါ်မလာတော့တာကြောင့် မေ ကျေနပ်မိပါသည်။ သို့သော် မနေ့က လုပ်ရပ်ကြောင့် မမက မေ့ကို စိတ်ဆိုးသွားသည်ထင်ပါရဲ့။ မေ့အတွေးတွေဟာ မနေ့က အချိန်တွေဆီသို့ ရောက်ရှိသွားသည်။
ဒေါ်ခင်ထားနွယ်တစ်ယောက် ဖုန်းကို အလျင်အမြန်ချလိုက်ကာ
သူ့ကိုယ်ပေါ်က မေ့ကို ဆွဲဖယ်လိုက်သည်။စူးစူးရဲရဲ စိုက်ကြည့်နေသော်လည်း ဘာတစ်ခွန်းမှ ဟမလာသည်မှာ အတန်ငယ်ကြာသွားပြီ ဖြစ်တာကြောင့် မေ ကြောက်လာမိသည်။သူဌေးရဲ့ ဒီလိုပုံစံကို တစ်ခါမှ မမြင်ဖူးပေ။
"ထွက်သွား"
အော်ဟစ်လိုက်ခြင်းမဟုတ်သလို နူးညံ့စွာပြောခြင်းလည်းမဟုတ်ပေ။ အေးစက်စွာဖြင့် တစ်လုံးချင်းစီ ပြောရင်း မေ့ မျက်လုံးတွေကို စိုက်ကြည့်လာသည့် သူဌေးကြောင့် မေ ကြောက်လန့်ကာ ထွက်ပြေးလာခဲ့သည်။
ညလည်း အိပ်မက်ထဲထိ အကြည့်စူးစူးရဲရဲတွေက လိုက်နှောင့်ယှက်နေတာကြာင့် မေ ကောင်းကောင်းအိပ်မရပါ။ ထိုအကြောက်တရားသည် မနက်ထိတိုင်မပျောက်ပျယ်သေးတာကြောင့် အချိန်ဇယားပြဖို့ပင် အထဲမဝင်ရဲချေ။ ဒီနေ့မှ ဟို ဇွဲကောင်မလေးကလည်း မလာတာကြောင့် မုန့်ကို အကြာင်းပြပြီး ဝင်စရာလည်း မရှိချေ။"အခုထိ အချိန်ဇယားမရသေးဘူးလား"
"ဟုတ်..ဟုတ်ကဲ့ ရပါပြီ သူဌေး
အခုပဲလာပို့ပါမယ်"အချိန်ဇယားကို ကိုင်ကာ မေ ကြောက်ကြောက်ဖြင့် ဝင်သွားလိုက်သည်။
"ဒီမှာပါ သူဌေး"
"ထားခဲ့ပြီး သွားလို့ရပြီ။"
"ဟုတ်ကဲ့"
မေ့ကို မော့တောင်မကြည့်သော သူဌေးကြောင့် မေ စိုးရိမ်လာသည်။မနေ့က လုပ်လိုက်တာ လွန်သွားပြီလား မသိဘူး။ အရင်နေ့တွေကလို စိတ်ကောက်ပြရအောင်ကလည်း သူဌေးကြည့်ရအောင် အေးစက်လွန်းနေသည်ကြောင့် မေ မထိရဲပေ။
YOU ARE READING
Love
Romanceအချစ်ကို ဖွဲ့နွဲ့မပြတတ်ပေ။ အချစ်ဆိုတာ ပျော်ရွှင်မှုသာ ဖြစ်မည်။ လုံခြုံမှုသာ ဖြစ်မည်။ နှလုံးသားရဲ့ ဖွဲ့နွဲ့မှုလည်းဖြစ်နိုင်သည်။