Part 6

1.8K 111 0
                                    

ပန်း‌ ခြေလှမ်းတွေကို သွက်သွက်လှမ်းကာ တီချယ်ရှိရာအခန်းထဲသို့ ဝင်သွားလိုက်သည်။ အခန်းထဲတွင် လက်ပိုက်ရင်း နှုတ်ခမ်းတွေကို အားပါပါကိုက်ထားသည့် ထိုအမျိုးသမီးဟာ မျက်လုံးတွေလည်း နီလို့ပင်။ သို့ပေမယ့် သူ့ကိုကြည့်ရတာ ကြောက်စရာမကောင်းဘဲ ကလေးတစ်ယောက် စိတ်ကောက်နေသလို ချစ်စရာလေးပင်။ ဟိုအမျိုးသမီးမြင်ရင်လည်း ပန်းလိုပဲ တွေးလိမ့်မည်ထင်သည်။

ပန်းလက်ထဲက ဖျော်ရည်ခွက်ကို စားပွဲပေါ်သို့အသာလေးတင်ထားလိုက်သည်။ တီချယ်က စိတ်မကြည်တာတို့၊ ခေါင်းမကြည်တာတို့ဆိုလျှင် ပန်းသီးဖျော်ရည်သောက်တတ်သည်။ ထို့ကြောင့်အမြန်သွားဝယ်သော်လည်း ပန်းသီးဖျော်ရည်က အချိန်မမှီခဲ့ပေ။ တီချယ်ဟာ ပေါက်ကွဲပြီးသားဖြစ်နေသည်။

တီချယ်ကို ဖက်ပြီး ရင်ခွင်ထဲထည့်ထားလိုက်ချင်ပေမယ့် တီချယ်ထက်အရပ်ပုနေတော့လည်း တီချယ်ရင်ခွင်ထဲပဲ ဝင်နေလိုက်တော့တယ်။မလှုပ်မယှက်နဲ့ တီချယ့်ကိုယ်ကို ဖက်ထားရင်း ကျောကို ဖွဖွလေးပွတ်ပေးနေလိုက်တော့ အတန်ငယ်ကြာတဲ့အခါ ပုခုံးပေါ်မှာ စိုစွတ်မှုသေးသေးလေးကို ခံစားလိုက်ရတယ်။တီချယ်အဆင်ပြေတဲ့အထိ အသာလေး ဖက်ထားပေးမိတယ်။

ရုတ်တရက် ဖက်ထားတဲ့လက်‌ တွေကို လာထိတဲ့ လက်တစ်စုံရဲ့ အထိအတွေ့...

'ရောက်လာပြီပဲ'

သိတာပေါ့..ဘယ်သူ မှန်းသိတာပေါ့...ပါးပေါ်ကို ကျလာတဲ့ ပြင်းထန်အေးစက်တဲ့ လက်ဖဝါးရဲ့ အထိအတွေ့ကိုလည်း ပန်းအသေအချာသိသည်။ တီချယ့်ချစ်သူ ထိုအမျိုးသမီးပင်...

မနက်က ဖြစ်တဲ့ကိစ္စကို ဖြေရှင်းရန် ငယ့်ဆီကို လာခဲ့ပေမယ့် တံခါးဖွင့်လိုက်တဲ့ အချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းက နွယ်ရဲ့ သွေးတွေကို ပွက်ပွက်ဆူစေသည်။ လူတွေရှေ့မှာ ဘယ်လောက်ပဲ တည်ငြိမ်ရင့်ကျက်တဲ့ အမျိုးသမီးကြီးဖြစ်‌ပါစေ၊ ငယ့်နဲ့ပတ်သက်ရင်တော့ အခုထိ ကိုယ့်စိတ်ကိုပင် မထိန်းနိုင်သေးသည့် တစ်ဇွတ်ထိုးဆန်‌‌သော ဆယ်ကျော်သက်တစ်ယောက်သာသာပင် တုံ့ပြန်တတ်သည့်အချိန်များလည်းရှိသည်။

LoveWhere stories live. Discover now