MI - 2

1.1K 48 8
                                    

"အား ကျွတ် ကျွတ် "

ညည်းညူသံနဲ့အတူ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ဖြူဖြူတွေသာ မြင်ရတဲ့ မျက်နှာကျက်တစ်ခု။ သူ့အခန်းတော့ မဟုတ်တန်ရာ။ မနေ့က ဘာတွေဖြစ်ပျက်ခဲ့လည်းဆိုတာကို ပြန်စဥ်းစားဖို့ သူ့ဦးနှောက်ကို အလုပ်ပေးတော့ club ထဲမှာ ဟိုအူကြောင်ကြား အရာရှိကို ကူရင်း မေ့လဲကျသွားတာ။ ဆတ်ခနဲ ထထိုင်လိုက်တော့ တစ်ဖက်ကုတင်မှာ လူနာကြည့်ပေးနေတဲ့ ဆရာဝန်က သူ့ဘက်လှည့်လာသည်။

"ကုတင်28က လူနာ သတိရလာပြီဟေ့ "

အော်သံနဲ့အတူ သူ့ကုတင်ဆီ လွှားကနဲရောက်လာတဲ့ သူနာပြုတွေ။ Bbright လည်း ကိုယ့်ကိုကိုယ်စစ်ဆေးမိတော့ နာတာကျဥ်တာတွေ မရှိတော့ချေ။ မျက်နှာကို ခပ်ဖွဖွစမ်းကြည့်တော့ ဆေးထည့်ပြီး ကပ်ပေးထားတာကို သိလိုက်ရသည်။

"ဘယ်နှစ်နာရီရှိပြီလဲ ဒေါက်တာ "

"မနက် ဆယ်နာရီရှိပါပြီ လူနာ "

"ကျစ်! စောက်ပြဿနာဘဲ "

အချိန်သိရသည်နှင့် တပြိုင်နက် လက်မှာ သွယ်တန်းထားတဲ့ ဆေးပိုက်တွေကို ဆွဲဖြုတ်ပြီး ကုတင်ပေါ်ကနေ ဆင်းလိုက်သည်။ ထိုအခါ သူ့အနားရောက် ရောက်လာတဲ့ ဆရာဝန်နဲ့ သူနာပြုများက ဝိုင်းကာ ဆွဲကြတော့သည်။

"ဆေးရုံက ဆင်းလို့မရသေးပါဘူး လူနာ အရာရှိတို့လာရင် စစ်ဆေးချက်တွေ ယူရအုံးမယ်လို့ ပြောပါတယ် "

"ငါ့ပိုက်ဆံအိတ် ဘယ်မှာလဲ "

သူ့အမေးစကားကြောင့် ရွှေပြည်အေးတရားဟောနေတဲ့ ဆရာဝန်ရဲ့ မျက်နှာမည်းခနဲ ဖြစ်သွားသည်။Bbright က ဒါတွေကို ဂရုမစိုက်နေ။ အရေးကြီးတာက သူ့ပိုက်ဆံအိတ်ပြန်ရဖို့နဲ့ ဒီကနေ ထွက်သွားခွင့်ရဖို့ဘဲ။ ခဏနေ ထိုအမှုစစ်တွေရောက်လာပြီး ဟိုမေးဒီမေးလုပ်မှာကိုလည်း မခံချင်။ပြီးတော့ အကြွေးသမားတစ်ဦးနဲ့လည်း ချိန်းထားသေးတာ။

"ပိုက်ဆံအိတ်က သိမ်းထားပေးထားပါတယ် လူနာ လောလောဆယ်တော့ ဆေးရုံးက ဆင်းလို့မရသေးပါဘူး "

"ဆင်းမှ ရမယ် ဖယ်ပေးကြ "

"မရပါဘူး လူနာ "

သူ့ကို အတင်းဝိုင်းချုပ်လာကြတာကြောင့် Bbright လည်း အတင်းရုန်းကန်ရင်း ထိုသူတွေ လက်ထဲက လွှတ်အောင် ကြိုးစားနေမိသည်။ ရုန်းရင်းဆန်ခတ်အခြေအနေကို ငြိမ်သက်သွားအောင် လုပ်လိုက်တဲ့သူက အမှုစစ်အရာရှိလေး Win Metawin ပါဘဲ။

My InvestigatorWhere stories live. Discover now