MI-14

561 31 12
                                    

ဆက်ခံပွဲနေ့က အဖြစ်အပျက်ဖြစ်သွားပြီးတဲ့နောက်ပိုင်း အမှုစစ်လေးက အခန်းပြင်မထွက်တော့သလို အပြင်သွားရင်လည်း Bbright လက်ကို တင်းကျပ်အောင် ဆုပ်ကိုင်ထားလေ့ရှိသည်။ ထို့အပြင် Bbright ကိုလည်း မျက်စိအောက်က အပျောက်မခံ။ အိမ်သာထဲဝင်နေလို့ ကြာနေရင်တောင် မပြီးသေးဘူးလားဟု အကြိမ်ကြိမ်အခါခါ လာမေးတတ်သေးသည်။ နောက်ဆုံး အိပ်နေရင်တောင် သေချာလာကြည့်ပြီးမှ သြော်အိပ်နေတာဘဲဟုဆိုကာ ဖယ်သွားတတ်တာ။

"အပြင်သွားမလို့ဆို "

"ဟုတ်တယ် Bulgari ဆိုင်ကို သွားချင်လို့ လိုက်ခဲ့နော် "

"သွားလေ "

ထုံးစံအတိုင်း ကားမောင်းသမားကို အိမ်ထိန်းတော်ကြီးက ထည့်ပေးလိုက်ပြီး အမှုစစ်လေးနဲ့ Bbright တို့နှစ်ယောက်သား ထွက်လာခဲ့လိုက်ကြသည်။ Bulgari ဆိုင်ရှေ့ရောက်တော့ ကားကိုရပ်ခိုင်းလိုက်ပြီး နှစ်ယောက်သား ဆင်းကာ ဆိုင်ထဲဝင်လာခဲ့လိုက်ကြသည်။ Bulgari ဆိုတာက လက်ဝတ်ရတနာဆိုင်အကြီးကြီးတစ်ခု။ စိတ်ကြိုက်ပုံစံဒီဇိုင်းပေးကာ ပြုလုပ်နိုင်တဲ့ ဆိုင်ကြီးတစ်ခုဖြစ်သည်။

"ကြွပါခင်ဗျာ Bulgari မှ ကြိုဆိုပါတယ်ခင်ဗျာ "

"ဘာလေးများပြပေးရမလဲ မသိဘူးရှင် Pr e order မှာထားပါသလားရှင် "

Bulgari ဆိုင်က လူချမ်းသာတွေနှင့် အထက်တန်းလွှာတွေတော်တော်များများသာ ဝယ်လေ့ရှိသော ဆိုင်ကြီးတစ်ဆိုင်ဖြစ်ပြီး ဝန်ဆောင်မှုကောင်းတာကြောင့် နာမည်ကျော်ကြား၏။ ဆိုင်ထဲမှာလည်း လှည့်ပတ်ကြည့်ရှုသူတွေနဲ့ ပြည့်နှက်လျှက်ရှိနေသည်။ Bbright လည်း အမှုစစ်လေးအနောက်ကနေ ခပ်ဖြေးဖြေးလိုက်သွားရင်း လက်ဝတ်ရတနာတွေအား ငေးမောကြည့်ရှုနေမိသည်။

"ဘာလေးပြပေးရမလဲရှင့် "

"Bracelet လေးတွေ ပြပေးပါ "

"ယောက်ျားလေးဝတ်လားရှင့်"

"ဟုတ်ပါတယ် "

ပြောလိုက်တာနဲ့ မျက်စိရှေ့သို့ ဒီဇိုင်းမျိုးစုံသော Bracelet များကို လာချပေးသည်။ Win လည်း စိတ်ရှည်လက်ရှည်ဖြင့် တစ်ခုချင်းစီ ရွေးနေလိုက်ပြီး နွယ်ပုံစံကဲ့သို့ လိမ်ယှက်နေတဲ့ Bracelet ကျစ်ကျစ်လေးကို သဘောကျသွားသည်။

My InvestigatorWhere stories live. Discover now