မြေအောက်ကားလမ်းလေးထဲ ကားတွေအပြည့် လူတွေအပြည့် ဖြစ်နေသည်။ လက်နက်ကိုယ်စီကိုင်ထားတဲ့ လူတွေက အမှုစစ်လေးနှင့် Bbright အနား အဘက်ဘက်ကနေ တိုးဝှေ့ပြေးလာနေကြသည်။ အမဲဝိုင်းဖျက်တော့မည့်ပုံပင်။ Bbright နှင့် အမှုစစ်လေးလည်း ကျောချင်းကပ်ကာ တိုက်ခိုက်ရန် အသင့်အနေအထားနဲ့ ပြင်ဆင်ထားလိုက်သည်။
"ဟေ့ကောင်တွေ! အပြတ်ရှင်းလိုက်ကြစမ်း "
အမိန့်ပေးသံအဆုံး ညာသံပေးကာ ပြေးဝင်လာတဲ့ လူအုပ်ကြီး။ ရှေ့ဆုံးကနေ ပြေးဝင်လာတဲ့သူရဲ့ ရင်ဝတည့်တည့်ကို Bbright ဆီးကာကန်ပစ်လိုက်သည်။ တစ်ချက်ထဲဖြင့် ပြန်မထနိုင်တော့။ တစ်ယောက်ချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ အနားကပ်လာသမျှ လူတွေကို လက်ဗလာဖြင့် ရှင်းထုတ်ပစ်ခဲ့သည်။ အမှုစစ်ကလေးမှာလည်း ထို့နည်းတူပင် ပြန်ကာ တိုက်ခိုက်ခဲ့သည်။ ဒီအခြေအနေမှာ ရောဂါအခြေအနေ ကောင်းမွန်နေတာကဘဲ ကျေးဇူးတင်ရမလိုပင်။
"အင့် ခွပ်! "
"ဒုတ်! "
"သေမလို့ လောနေတာလား ခွေးမသားရဲ့ "
Bbright က အရှေ့ဘက်မှာ တိုက်ခိုက်နေတုန်း နောက်ကနေ ခေါင်းကို သံတုတ်ဖြင့် လာဝင်ရိုက်တာကြောင့် ခေါင်းက ပူခနဲ ဖြစ်သွားပြီး သံတုတ်နဲ့ လာရိုက်တဲ့ ကောင်ရဲ့ ဦးခေါင်းကို ကားဘော်ဒီဖြင့် မိတ်ဆက်ပေးလိုက်သည်။ သွေးတွေကို ဖြာခနဲဘဲ။
"အာ့ အာ့ လက် လက် "
"နာလား နာတယ်ပေါ့ "
လက်ကို လိမ်ချိုးရင်း မေးနေရာမှ ထွက်လာတဲ့စကားသံတွေ။ အမှုစစ်ကလေးကလည်း တစက်ကလေးတောင် ညှာတာမှု မရှိခဲ့ပါ။ တိုက်ရင်းခိုက်ရင်း လက်ထဲ ဓားရောက်လာရင် ဓားကိုအသုံးပြုပြီး တိုက်ခိုက်ကာ တုတ်ရလာရင်လည်း တုတ်ကို အသုံးပြုကာ တိုက်ခိုက်တတ်တဲ့ အမျိုးအစားလေးပင် ဖြစ်သည်။
"ငါ့ရဲ့ နာမည်ပြောင်က ဘာလဲ သိကြလား ဟမ်! "
တိုက်ရင်းခိုက်ရင်းနဲ့ အံကြိတ်ကာ မေးလာတဲ့အသံ။ လက်သီးဖြင့် မျက်နှာတည့်တည့်ကို ထိုးချပစ်လိုက်ပြီး
"ငါ့နာမည်ပြောင်က လူသတ်သမားတဲ့! အဟက်! "
အမှုစစ်လောကမှာ Win ကို နာမည်ပြောင်ပေးထားတာက လူသတ်သမားတဲ့လေ။ အကိုင်အတွယ်ကြမ်းတဲ့အပြင် တိုက်ခိုက်တဲ့ စွမ်းရည်ကလည်း အပြည့်အဝမို့ တော်ရုံကောင်တွေလောက်က သွားကြားထိုးရတာလောက်တောင် မခက်ခဲပေ။ လက်ထဲက သံတုတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားရင်း တိုက်ခိုက်နေခဲ့မိသည်။ လွင့်စင်လာတဲ့ သွေးစတွေကလည်း အမှုစစ်ကလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကပ်ညှိလို့နေပြီ။ တစ်ဖက်ကလည်း အတုံးအရုန်း ဖြစ်လာသလို အမှုစစ်လေးတို့နှစ်ယောက်လည်း ခြေကုန်လက်ပန်းကျလာနေပြီ။

YOU ARE READING
My Investigator
Fanfiction"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာဘဲ " -- Bbright crd coverphoto #BrightWin Fan Fic