Bbright ရဲ့ သတိမေ့နေတဲ့ ခန္ဓာကိုယ်ကြီးကို နှစ်ယောက်သား မနိုင့်တနိုင်ဖြင့် တွဲကာခေါ်လာကြပြီး ဧည့်ခန်းထဲရှိ ဆိုဖာပေါ် တင်လိုက်ကြသည်။ တောင့်တင်းလွန်းပြီး သတိမေ့နေတဲ့သူမို့ နှစ်ယောက်သား မချိမဆန့် သယ်နေရသည်။
"အား ဟူး မောလိုက်တာ လေးလိုက်တာကွာ "
ဆရာတပည့်နှစ်ယောက်သား အမောဖြေလိုက်ကြပြီးမှ သတိမေ့နေသူကို ကြည့်ရသည်။ Khao ကလည်း Win စိတ်အခြေအနေက ဘယ်လိုမှန်းမသိတာမို့ ဒီလုပ်ရပ်ပေါ် မေးခွန်းမထုတ်ဘဲ Win စိတ်တိုင်းကျသာ လုပ်လိုက်ကိုင်ပေးနေသည်။ ပြောခဲ့သလိုမျိုး Win စိတ်အခြေအနေ အဆင်ပြေဖို့က အဓိကဘဲမို့။ အပြင်မှာ ဘယ်လောက်ဘဲ အမှုကိစ္စတွေ ဖြေရှင်းပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချနေရပါစေ အိမ် သို့မဟုတ် သူ့အတွက် safe zone လို့သတ်မှတ်ထားတဲ့သူရှေ့ရောက်ရင် ပီဘိကလေးတစ်ယောက်လို။ စိတ်အခြေအနေ အဆင်မပြေတဲ့ အခိုက်အတန့်တွေဆို ပိုဆိုးသေးသည်။ယခုတော့ Win က မျက်ခုံးတွေ တွန့်ချိုးကာ သတိမေ့နေသူအား ရူတည်တည်ဖြင့် ကြည့်ရင်း
"ဘာလို့အဲ့လောက်တောင် သောက်တာလဲ မသိဘူး ဒီလူ အန္တရာယ် ဖြစ်အောင် "
ရေရွတ်လိုက်ရင်း ကျော်ခွကာ ရေချိုးခန်းထဲသို့ ဝင်သွားကာ ရေဇလားထဲ ရေထည့်ရင်း ပြန်ထွက်လာသည်။ Khao လည်း ထိုင်ကြည့်နေမိရာက ထရပ်လိုက်ရင်း
"ဘာလုပ်မလို့လဲ ခေါင်းဆောင် အစ်ကို လုပ်ပေးမယ်လေ "
"လာကူလုပ်ပေး Phi "
ခပ်တိုးတိုး စကားသံအဆုံး Khao လည်း ထိုင်နေရာမှ ထကာ တဘက်တစ်ထည်ယူရင်း သတိမေ့နေသူအား စတင်၍ သန့်ရှင်းရေး လုပ်ပေးရတော့သည်။ ပေနေတဲ့ သွေးတွေ၊ ဒဏ်ရာရနေတဲ့ နေရာတွေ၊ ခြေတွေလက်တွေအပြင် အဝတ်အစားပါ လဲပေးလိုက်ပြီး သန့်ရှင်းအောင် လုပ်ပေးလိုက်သည်။ Win ကတော့ ဒဏ်ရာတွေကို ဆေးလိုက်ထည့်ကာ အနာကပ်ပလာစတာ လိုက်ကပ်ရင်း အလုပ်ရှုပ်နေရှာသည်။
"ခေါင်းက ချုပ်ဖို့လိုတယ်ထင်တယ် ခေါင်းဆောင် "
"ဆရာဝန် ခေါ်လိုက်ပါ "
သက်ပြင်းကြိတ်ရှိုက်ရင်း သုတ်လက်စ တဘက်ကို ပစ်ချကာ ဖုန်းကိုယူရင်း အပြင်ဘက်ထွက်လာခဲ့လိုက်သည်။ အသိဆရာဝန်ဆီ ဖုန်းဆက်ပြီးတာနဲ့ ထွက်ကြိုဖို့အတွက် အောက်ကို ဆင်းလာခဲ့လိုက် တော့သည်။
တိတ်ဆိတ်လွန်းနေတဲ့ အခန်းလေး။ မှိန်ပျပျ အခန်းမီးအောက်မှာဝယ် သတိမေ့ကာ လဲလှောင်းနေတဲ့သူရယ် ဆေးလိပ်ထိုင်ဖွာနေတဲ့သူရယ် ရှိကြလေသည်။ အမှုစစ်ကလေးဟာ ဒီလူကို ဘာကြောင့်ခေါ်လာချင်ခဲ့မှန်း မိမိကိုယ်တိုင် အဖြေရှာလို့ မရနိုင်တာမို့ စိတ်ရှုပ်ထွေးစွာဖြင့် ဆေးလိပ်တွေ ရှိုက်ဖွာနေခြင်းသာ။
တာဝန်နဲ့ ဝတ္တရားတွေအောက်မှာ ကြပ်မတ်စွာဖြင့် ကြီးပြင်းလာရတဲ့ အရာရှိလေးဟာ အချိန်တိုင်းမူးရူးပြီး သွားချင်တိုင်းသွား လာချင်တိုင်းလာနေတဲ့ အကြွေးတောင်းသမားရဲ့ ဘဝကို တိတ်တိတ်ကလေး အားကျသွားခဲ့တာလို့ တွေးမိတော့ စောက်ရူးဘဲ လို့ အော်မိတဲ့အထိ။ဒါမှမဟုတ်လည်း နေပုံထိုင်ပုံကအစ မတူ စရိုက်မတူတဲ့လူမို့ မျက်လုံးထဲ ထူးဆန်းသွားလို့လား။ ပြိုင်ဘက်လိုခံစားမိနေလည်း ဒဏ်ရာတွေနဲ့ မြင်တော့ သူ့မှာ မနေနိုင်။
VOUS LISEZ
My Investigator
Fanfiction"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာဘဲ " -- Bbright crd coverphoto #BrightWin Fan Fic