MI-17

567 26 16
                                    

"စိတ်မကောင်း မဖြစ်နဲ့နော် ကလေး "

"အင်းပါ "

နောက်ဆုံးတော့ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တဲ့ အဖေဖြစ်သူရဲ့ အိမ်ကို Win တို့ စွန့်ခွာခဲ့လိုက်ပြီး ဟိုတယ်မှာဘဲ နေဖြစ်ကြသည်။ The FOX ဂိုဏ်းက အကြီးအကဲရဲ့ မွေးနေ့ကလည်း ကပ်နေပြီမို့ ဒီအလုပ်ကိုဘဲ အာရုံစိုက်ထားရင်း တစ်ဖက်ကို လွှတ်ထားပေးလိုက်တာ။ အလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေ မရောထွေးချင်တာမို့ Donတို့သားအမိကို ဒီအတိုင်းထားထားလိုက်တာ။ အဖေက Win ကိုလည်း မစွန့်လွှတ်နိုင် သူ့နောက်မိန်းမ သားအမိကိုလည်း မစွန့်လွှတ်နိုင်နဲ့ Win တို့ကို ​ပြေလည်စေဖို့ ညှိပေးအုံးမယ်တဲ့လေ။ ဒေါသတွေထွက်လွန်းလို့ ချက်ချင်းဆင်းလာခဲ့တဲ့အထိဘဲ။

"ကိုယ်လည်း သူတို့ကို ဒီအတိုင်းမထားပါဘူး "

ဟိုတယ်ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးကြည့်နေတဲ့ အမှုစစ်လေးရဲ့ နောက်ကျောကနေ ခါးလေးကို ခပ်ဖွဖွ သိမ်းဖက်ကာ ပြောလာတဲ့သူ။ တစ်ဆက်တည်း အမှုစစ်လေးရဲ့ ပုခုံးပေါ်ကို မေးစေ့ကို တင်လိုက်တော့ အမှုစစ်လေးက မနေတတ်သလို ကိုယ်လုံးလေးကို ကျုံ့ကာ ဦးခေါင်းလေးကို  နောက်သို့လှည့်ကြည့်လာသည်။

"Phi Bright "

"ဘာလို့လဲ "

"ဟင့်အင်း "

ခေါင်းလေးခါပြီး ပြန်လှည့်သွားတဲ့ ကောင်လေးက ပြုံးယောင်သမ်းသွားသလို ပုခုံးပေါ် မေးစေ့တင်ထားတဲ့သူကလည်း ရှက်မျက်နှာ ခပ်ရဲရဲ ဖြစ်သွားသည်။ ပြီးမှ အရှက်ပြေ ချောင်းဟန့်လိုက်ပြီးမှ

"ဘာတွေပြုံးနေတာလဲ "

"ဘာမှမဟုတ်ပါဘူး "

အမှုစစ်ကလေးရဲ့ ခါးကို ပွေ့ဖက်ထားတဲ့ Bbright ရဲ့ လက်တွေ ပိုပြီး တင်းကျပ်သွားသည်။ ဒီအမှုစစ်လေးက သဘောကျသွားပြီးတဲ့နောက်ပိုင်း Bbright မှာ ဒီကလေးနဲ့ နီးနီးကပ်ကပ်ကို နေချင်နေသည်။ အထိအတွေ့ကို သဘောကျတတ်တဲ့သူ မဟုတ်ပေမယ့် ဒီကလေးနဲ့မှ ပါးလေးကို ထိချင်လိုက်၊ လက်ကလေးကိုင်ချင်လိုက်၊ အနားမှာ ကပ်ပြီးနေချင်လိုက်ဖြင့် မျိုးစုံကို ဖြစ်နေသည်။ မထိတထိနဲ့ ဘေးနားမှာ ကပ်ချင်နေတာမျိုး။

My InvestigatorWhere stories live. Discover now