စောင့်ကြည့်နေတဲ့ မျက်ဝန်းတွေကြားမှာ နေထိုင်ရတာတွေက မလွတ်လပ်ခဲ့။ နှစ်ယောက် အတူတူစကားပြောနေရင်ကို Don ဆိုတဲ့လူက ရောက်ရောက်လာတာကြောင့် ချစ်သူရည်းစားတွေလို ဟန်ဆောင်ပြရတာကလည်း ခဏခဏ။ ထိုအခြေအနေတိုင်းလည်း Bbright က မညည်းမညူ သရုပ်ဆောင်ပေးမြဲ။ နီးကပ်လာတဲ့ ညစာစားပွဲနှင့်အတူ Win မှာလည်း ထွက်ပြေးချင်စိတ်တွေ တဖွားဖွား။အရင်ကတော့ ဘာဘဲဖြစ်ဖြစ် တက်မယ်လို့ တွေးထားပေမယ့် Khun Bbright နေရခက်မလားလို့ တွေးမိတော့ ထိုပွဲကို တက်ချင်စိတ် တစ်စက်ကလေးတောင် မရှိတော့။
"ပျင်းနေကြတာလား "
ယခုလည်း လသာဆောင်မှာ အေးအေးလူလူ ဝိုင်ထိုင်သောက်နေတဲ့ Winတို့အနား အသံနဲ့အတူ ရောက်လာသူက Don။ ဘေးမှာလည်း အမျိုးသမီးတစ်ယောက်က လက်ချိတ်လျှက်ပါလာ၏။ Win ကတော့ စိတ်ရှုပ်ထွေးတဲ့ အမူအယာနဲ့ဘဲ ခေါင်းကို တဖက်လွှဲလိုက်ပြီး ဘေးမှာထိုင်နေတဲ့ Bbright ဆီ အကြည့်ပို့ထားလိုက်သည်။
"ပျင်းနေရင် shopping ထွက်ကြမလား "
"ခင်ဗျားမျက်နှာ မမြင်ချင်ဘူး Don "
"Ohhh Win လေးကလည်း အိမ်တော်က သခင်လေးနှစ်ပါးချင်းအတူတူကို သူစိမ်းတွေရှေ့ တည့်တည့်ရှုရှုနေကြရမှာပေါ့ "
"အိမ်တော်က သခင်လေးနှစ်ပါး အဟက်! ခင်ဗျား ကိုယ့်ဘဝကို မေ့သွားပြီးဘဲ သမိုင်းကြောင်းကို ပြန်ကြည့်လိုက် ဒီစံအိမ်တော်မှာ သခင်လေး ဘယ်နှစ်ယောက်ရှိသလဲလို့ နောက်မိန်းမနဲ့ ပါလာတဲ့ သားကများ"
"Win! "
"ပြီးတော့ သူစိမ်းတွေရှေ့မှာ တည့်တည့်ရှုရှုနေမယ် ခင်ဗျားနဲ့ ကျုပ် ဘယ်တုန်းက ရင်းနှီးဖူးလို့လဲ ဒီနေရာမှာ ခင်ဗျားဘေးနားက အမျိုးသမီးကလွဲလို့ သူစိမ်းဆိုတာ မမြင်မိပါဘူး ကျုပ်ချစ်သူကို သူစိမ်းဆိုပြီး ထည့်တွက်ရင်တော့ စကားတွေ အများကြီးပြောသွားရလိမ့်မယ် "
"စိတ်လျှော့ ကလေး "
Bbright ဆီက ကျောကုန်းကို ပုတ်ကာ အသံငြင်ငြင်သာသာလေး ထွက်လာချိန်မှာတော့ Win မပြုံးဘဲ မနေနိုင်တော့။
"အဟင်း! Win လေးက အရင်တုန်းက ကိစ္စတွေ အစာမကြေဖြစ်နေတာကိုး ပြောပြထားရဲ့လား သက်ဆိုင်သူကို နည်းနည်းတော့ ရှက်ဖို့ကောင်းမယ် ထင်တယ်နော် "
VOUS LISEZ
My Investigator
Fanfiction"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာဘဲ " -- Bbright crd coverphoto #BrightWin Fan Fic