"ဘယ်လိုလုပ်မှာလဲ ဂိုဏ်းချုပ်"
"တိကျတဲ့ သတင်းပေးရှိတယ်ဆိုပေမယ့် အတည်ပြုရမှာပေါ့ "
"အဲ့ဒါဆို အဆင်သင့် ပြင်ခိုင်းထားလိုက်ရတော့မလား "
"နေအုံး တိုက်ရုံနဲ မရဘူး "
ချက်ချင်းဆိုသလို White Dragon ဂိုဏ်းရဲ့ ခေါင်းဆောင်ပိုင်းတွေ အကုန် စုဝေးသွားကြသည်။ တိကျတဲ့ သတင်းပေးရှိနေတယ်ဆိုပေမယ့်လည်း ရာနှုန်းပြည့် ယုံကြည်ပေးလို့မရတာကြောင့် အဆက်အသွယ်တွေ သုံးကာ သတင်းကို အတည်ပြုရန် ကြိုးစားကြသည်။ ခေါင်းဆောင်တစ်ယောက်က တစ်ခြားဒုခေါင်းဆောင်းတွေကို ဆင့်ခေါ်လိုက်ပြီး အရေးပေါ် အစည်းအဝေး ကျင်းပဖို့ လုပ်သည်။
"လိုက်ခဲ့လိုက်လေ "
ဒုဂိုဏ်းချုပ်က သူရဲ့ဆိုင်သူလေးရဲ့ ပုခုံးကိုဖက်ကာ ပြောလာတော့ အမှုစစ်လေးတိူ့နှစ်ယောက်လည်း ထရပ်လိုက်သည်။ ပြီးနောက် ခမ်းနားလှတဲ့ White Dragon ဂိုဏ်းရဲ့ အစည်းအဝေးခန်းမ အတွင်းသို့ ဝင်လာခဲ့လိုက်တော့သည်။
"အဟမ်း! "
ချောင်းဟန့်သံနှင့်အတူ အစည်းအဝေးခန်းမအတွင်း ကော်ဖီရဲ့ ရနံ့သင်းသင်းက မွှေးပျံ့သွားသည်။ အကြောင်းကတော့ ဒုဂိုဏ်းချုပ်က ဂိုဏ်းချုပ်အတွက် ဖျော်ကာ ယူလာပေးခြင်း ဖြစ်သည်။ အစည်းအဝေးပွဲတွေမှာ ဝင်ပြောလေ့မရှိတဲ့ ဂိုဏ်းချုပ်ဟာ အစည်းအဝေးအစအဆုံးကို ကော်ဖီသောက်ပြီး နားထောင်လေ့ရှိတာ။ သူ့ရဲ့ သက်ဆိုင်သူ ပြောနေသမျှကို ချစ်ရည်လွှမ်းနေတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်ရင်းပေါ့။
"ခဏအတွင်းမှာ အတည်ပြုချက် ရလာလိမ့်မယ်! အတည်ပြုချက်သာ မှန်ကန်တယ်ဆိုရင် White Dragons ရဲ့ ထုံးစံအတိုင်းပဲ ရန်သူကို အမြစ်ပြတ်ချေမှုန်းကြမှာပါ! ထိခိုက်တာတွေ ရှိလာနိုင်တယ် ပြင်ဆင်ချိန်လည်း သိပ်မရတာကြောင့် ငါတို့တွေ နည်းဗျူဟာတွေ သုံးဖို့လိုတယ် "
"နည်းဗျူဟာအဟောင်းတွေနဲ့တော့ ဆက်သွားလို့မရဘူး! ငါတို့ကို တိုက်မယ်လို့ ရည်ရွယ်ထားတဲ့ ကောင်တွေမို့ ငါတို့ရဲ့ အားနည်းချက်ကို ရှာထားမှာပဲ "

KAMU SEDANG MEMBACA
My Investigator
Fiksi Penggemar"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာဘဲ " -- Bbright crd coverphoto #BrightWin Fan Fic