"ဘယ်သွားနေတာလဲ Khun "
"သြော် နိုးနေပြီလား! "
"ဘယ်သွားတာလဲ "
အမှန်တကယ် စိုးထိတ်နေတဲ့ မျက်ဝန်းတွေနဲ့မို့ Bbright ဇဝေဇဝါ ဖြစ်သွားပြီး ခြေလှမ်းတွေ ရပ်တန့်လိုက်မိသည်။ သို့ပေမယ့် အမှုစစ်လေးရဲ့ မျက်ဝန်းတွေက သူ့အနားလာဖို့ ခေါ်နေသယောင် ဖြစ်နေတာကြောင့် တဖြေးဖြေးအနားကို တိုးကပ်သွားလိုက်မိသည်။
"ဘယ်သွားနေတာလဲလို့ "
"အာ မင်းအဖေ ခေါ်တွေ့လို့ "
"ဘာပြောလိုက်သေးလဲ "
"ဒီကိုလာတာ အမွေကိစ္စ ဘာပြောသေးလဲတဲ့ "
"Khun ကို မေးတယ်ပေါ့ "
"အင်း ဘာမှမပြောဘူး ကျုပ်မသိဘူးလို့ ဖြေလိုက်တယ် "
"Khun တွေ့လား နေကောင်းရဲ့လားဆိုတာတောင် တစ်ချက်လာမကြည့်ဘူး "
"အင်း "
ပြောရင်း စကားတိမ်ဝင်သွားတော့ Bbright လည်း သက်ပြင်းမသိမသာချရင်း လက်လေးတစ်ဖက်ကို ယူကာ ဆုပ်ကိုင်မိလိုက်သည်။ စိတ်အဆင်ပြေအောင် မနှိမ့်သိမ့်ပေးတတ်ပေမယ့် ဘေးနားမှာ ရှိနေပေးခြင်းဟာလည်း နှစ်သိမ့်နည်း တစ်မျိုးဘဲ မဟုတ်လား။ ဒီလိုပါဘဲ လူတိုင်းလူတိုင်းဟာ ဒဏ်ရာတွေကိုယ်စီနဲ့ မိမိကိုယ်တိုင်ဖြစ်ဖြစ် တစ်ခြားသူကို ဖြစ်ဖြစ် မှီခိုအားကိုးနေကြရတာတွေချည်း။
"Khun လည်း ကျွန်တော်နဲ့တွေ့မှဘဲ ရသပေါင်းစုံ ခံစားနေရပြီ "
"အင်း အဲ့ဒါတော့ အမှန်ဘဲ အရင်တုန်းက ကျုပ်ဘဝက ဘာအရောင်မှ မရှိတဲ့ အဖြူအမဲပုံရိပ်လိုမျိုးဘဲ အခုတော့ မင်းကျေးဇူးနဲ့ အရောင်တော်တော်စုံနေပြီ "
"အဟင်း ~~~ Khao ကိုစိတ်ပူတယ် ရုံးချုပ်ကလည်း ဆက်သွယ်မလာသေးဘူး "
" သူ ကောင်းကောင်းမွန်မွန် ရှိနေမှာပါ လောလောဆယ်တော့ ကိုယ့်ဘာသာအရင် နေကောင်းအောင် လုပ်ပါအုံး "
လူကြည့်တော့ ကုတင်ပေါ် လှဲနေရတဲ့သူက လက်ထောက်ဖြစ်သူကို စိတ်ပူနေသေးတာ။ ဖြူဖြူဖျော့ဖျော့နဲ့ နေမကောင်းတဲ့လူကို လာကြည့်ဖော်မရတဲ့ ဖခင်လုပ်သူကိုလည်း Bbright ဆွဲထိုးချင်စိတ်တောင် ပေါက်မိသည်။

YOU ARE READING
My Investigator
Fanfiction"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာဘဲ " -- Bbright crd coverphoto #BrightWin Fan Fic