MI-4

866 38 6
                                    

သူနဲ့ စိမ်းသက်နေတဲ့ နေရာတစ်ခု။ ခမ်းနားထည်ဝါတဲ့ အိမ်ကြီးတစ်လုံးရဲ့ ဧည့်ခန်းအတွင်းမှာ ဖြစ်ပြီး သူ့နဘေးမှာလည်း သေနတ်သမားပေါင်း ယောက်20လောက်က အိမ်ပေါ်အိမ်အောက် နေရာယူထားကြသည်။ Bbright လည်း လူအများကြီးနဲ့ ပြန်ပေးဆွဲသလို ခေါ်လာခံရ၍သာ ဒီနေရာကို ရောက်နေတာ။ သူတို့ကိုလည်း မသိ။ ဘယ်ဂိုဏ်းသားတွေမှန်းလည်း မသိ။

"ကျစ်! စောက်လုပ်လုပ်ရပါအုံးမယ်ဆို နင်တို့အမေ့လင်ကို ဘယ်အချိန်ထိ ထိုင်စောင့်နေရအုံးမှာလဲ "

အသံက ဟိန်းကနဲ ပဲ့တင်သွားသည်။ ထိုအခါ သေနတ်သမားတွေက Bbrightရဲ့ ရင့်သီးလွန်းတဲ့ စကားကြောင့် သူ့ဘက်လှည့်လာကာ သေနတ်ဖြင့် ချိန်ထားကြတော့သည်။ Bbright လည်း လှောင်သလိုတစ်ချက်ပြုံးကာ ထိုင်နေတဲ့ခုံကို လက်နှစ်ဖက်ကိုမြှောက်၍ ခေါင်းအနောက်ဘက်မှာ ထားလိုက်ကာ အရှေ့ဘက်ရှိ မုန့်တွေတင်ထားတဲ့ ပြောင်လက်ကာ တဖိတ်ဖိတ်တောက်နေသော စားပွဲပေါ်သို့ ခြေထောက်နှစ်ဖက်ကို ပစ်တင်လိုက်သည်။ထိုစဥ် အေးစက်စက်အရာတစ်ခုက နားထင်သို့ လာထောက်၏။ ရုတ်တရက်မို့ အနည်းငယ်လောက်တော့ ထိတ်ခနဲဖြစ်သွားပြီး ကျောကို မတ်လိုက်မိသည်။ ထိုစဥ်

"အဟမ်း! ခေါင်းဆောင် မကြာခင်လာတော့မှာ ဧည့်သည်ကို ဘာမှမလုပ်နဲ့ သူနေတတ်သလိုနေပါစေ "

ထိုသူလှမ်းပြောလိုက်သည်နှင့် တစ်ပြိုင်နက် နားထင်မှာ ထောက်ထားတဲ့ သေနတ်ကို ဖယ်ခွာသွားကာ သူ့ကို နောက်ကျောပေးကာ သတိအနေထားဖြင့် ရပ်နေသည်။ ထိုလူရဲ့ ကျောပြင်ကို ကြည့်ရင်း ပြေးကန်ချင်စိတ်က တဖွားဖွားနဲ့ရယ်။ သို့ပေမယ့်လည်း ခြေထောက်တင်ထားတဲ့ အနေအထားနဲ့ဘဲ အမြင်ကပ်ချင်စရာ ခပ်မဲ့မဲ့အပြုံးတစ်ခုကို နှုတ်ခမ်းထက် ချိတ်ဆွဲထားပြီး ခြေထောက်တွေကို လှုပ်ခတ်နေလိုက်သည်။

"နောက်ငါးမိနစ်နေမှ ရောက်မလာရင် ကျုပ်ပြန်တော့မှာ စောက်လုပ်မအားရင်လည်း ခေါ်မတွေ့နဲ့ ငါ-ိုးမသားတွေ "

ဘယ်လိုအနေအထား ဖြစ်ဖြစ် ဘယ်လိုလူတွေနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ မကြောက်တတ်တာက Bbright ရဲ့ အားသာချက်တစ်ခုလိုပင်။ ဘာမထီ မျက်နှာပေးက Bbright ဆိုတာ လူတကာရဲ့ လွယ်လွယ်ကူကူ ခိုင်းလို့ရတဲ့ လက်ပါးစေတစ်ယောက်မဟုတ်မှန်း ပြသနေသယောင်။သုံးမိနစ်လောက်အကြာမှာတော့ အနောက်တိုင်းဝတ်စုံပြည့်နှင့် လူတစ်ယောက်က လူအများခြံရံကာ လှေကားအတိုင်း ဆင်းလာတာကို တွေ့လိုက်ရသည်။ ထိုသူ၏ ရှူးဖိနပ်တွေက စျေးကြီးပုံရပြီး ပြောင်လက်နေပုံက သူ့အနာဂတ်ထက်တောင် သားနားနေသည်။ ထိုသူက Bbright ကို နွေးနွေးထွေးထွေး ပြုံးပြရင်း

My InvestigatorTempat cerita menjadi hidup. Temukan sekarang