"အင့် "
အမောဖြေနေတုန်း မျက်နှာရှေ့ထိုးပေးလာတဲ့ အူကြောင်ကြားလေးရဲ့ လက်ထဲကအထုပ်ကြောင့် Bbright ဖယ်ထုတ်လိုက်ပြီး အရက်ပုလင်းကို ကောက်မော့လိုက်သည်။ ထိုအခါ ထိုအူကြောင်ကြားလေးက ထွက်မသွားသေးဘဲ ကမ်းပေးနေတုန်းမို့ Bbright လည်း
"ဘာလဲ "
"ယူလိုက် "
မယူမချင်း အတင်းပေးမယ့် ပုံစံမို့ Bbright လည်း အထုပ်ကို လှမ်းယူလိုက်သည်။ ဘာတွေလည်းဆိုတာ မသိချင်တာမို့ ဘေးမှာ ချထားဖို့ပြင်တော့
"ကြည့်လိုက်အုံးလေ "
"ဟင်း ~~~ "
Bbright လည်း သက်ပြင်းချကာ အထုပ်ကို ဖြည်ကြည့်လိုက်တော့ ဆေးတစ်ချို့နဲ့ မျက်နှာသုတ်တဲ့ပုဝါတစ်ခုကိုပါ တွေ့လိုက်ရသည်။ ဖြစ်သလိုနေတတ်တဲ့လူကို ဂရုတစိုက်လာလုပ်နေတာမို့ Bbright လည်း ရယ်မိလိုက်ပြီး
"ကလေးလိုလိုနဲ့ အရက်သောက် ပျောက်တဲ့အလုပ်ကို! "
"အရက်သောက် ပျောက်ရင် တလောကလုံး အရက်ဘဲ သောက်တော့မှာပေါ့ ဘုရား မပြောနဲ့ ခွေးတောင်မကြိုက်ဘူး အဲ့အရက်ကို "
"အခုတရားလာဟောနေတာလား အဲ့ဒါဆို ဟိုရှေ့နားမှာ ဓမ္မာရုံရှိတယ် အဲ့ကိုကြွ! "
"ခင်ဗျား! "
"အရက်ကိုများ ခွေးတောင်မကြိုက်ဘူး ဖြစ်ရသေး သောက်မှမသောက်ဖူးဘဲ မင်း မသိရင်မှတ်ထား သုံးဆယ့်တစ်ဘုံမှာ လူ့ဘုံဘဲ အရက်ရတာ ကျန်တဲ့ဘုံတွေမှာ မရှိဘူး! "
"သြော် ~~~ "
"အရက်က ငါ့ဘဝ အရက်က ငါ့ချစ်သူဘဲ အရက်သာ မိန်းကလေးဆို သူ့ကိုဘဲ လက်ထပ်မှာ သဘောပေါက်လား "
"သြော် ~~~"
Win လည်း မျက်လုံးတွေ လှန်ကာ စိတ်ပျက်သလို ပုံစံမျိုး လုပ်လိုက်သည်။ တကယ်ဘဲ အရက်ကို ထိတော့ ကတ်ကတ်လန်နေအောင် ပြန်ပြောတတ်တဲ့ ယောက်ျားမျိုး ဒီတစ်ခါဘဲ မြင်ဖူးသေး၏။ မျက်စောင်းကို မသိမသာရော သိသိသာသာရော ထိုးပြီး ထိုလူရဲ့ ဘေးနား ဝင်ထိုင်လိုက်၏။
"ဘာလဲ! "
ဘေးနားကို ဝင်ထိုင်လိုက်လို့ အလန့်တကြားနောက်သို့ဆုတ်သွားတဲ့ ယောက်ျားရင့်မာကြီးကြောင့် Win မှာ ဆွံ့အလျှက်။
![](https://img.wattpad.com/cover/334201053-288-k55891.jpg)
VOCÊ ESTÁ LENDO
My Investigator
Fanfic"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာဘဲ " -- Bbright crd coverphoto #BrightWin Fan Fic