MI-15

683 28 10
                                    

"အကုန်လုံး တန်းစီနေပါ "

"အကုန်လုံး အဆင်သင့်ပြင်ပြီး တန်းစီထားပါ "

"ဟေ့ ကြားလား သွက်သွက်လုပ်ကြ "

"တန်းစီ တန်းစီ သေချာရပ်စမ်း! "

အော်ဟစ်သတိပေးသံတွေ နဲ့အတူ အလုပ်သမားတွေကြားထဲ ခေါင်းဆောင်ပိုင်းတစ်ချို့ လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာကြသည်။တန်းစီကာ မတ်တပ်ရပ်နေကြတဲ့ အလုပ်သမားတွေကို တစ်ဦးချင်းစီ သေချာကြည့်ကာ သူတို့စိတ်ကြိုက်လူများကို ရွေးချယ်နေကြသည်။ ရွေးချယ်ခံရသူတွေက အကြီးအကဲတစ်ဦးရဲ့ မွေးနေ့ပွဲကို လိုက်သွားကြရမှာ။ Khaotaung နဲ့ First မှာလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရွေးချယ်သွားကြစေဖို့ ဆုတောင်းနေမိသည်။နောက်ဆုံး First ကိုတော့ ရွေးချယ်သွားပြီး Khaotaung ကိုကျတော့ မရွေးချယ်ဘဲ ချန်ထားခဲ့တာကြောင့် စိတ်မြန်သူပီပီ ဘာကြောင့်လဲဆိုတာ မေးခွန်းထုတ်မိတော့သည်။

"ဘာဖြစ်လို့လဲ ဘာလို့ ကျုပ်ကို မရွေးတာလဲ "

မာထန်နေတဲ့ မျက်နှာ စူးရဲနေတဲ့ အကြည့်တွေက ခေါင်းဆောင်ပိုင်းက လူတွေကို မျက်စိဆံပင်မွှေးစူးစေတယ်လေ။သူတို့က သူတို့ကို ရိုကျိုးနေမှ ကြိုက်တာ။  ပြီးတော့ Khaotung ဆိုတဲ့သူက ဘယ်လိုကြောင့် ရောက်လာရသလဲ သူတို့အသိဘဲကို။ Khao အပြောကို ခေါင်းဆောင်တစ်ယောက်က တည့်တည့်လျှောက်လာပြီး

"မင်းလို ပြဿနာရှာမယ့်ကောင်ကို ခေါ်သွားရင် မြွေပွေးခါးပိုက် ပိုက်မိသလို ဖြစ်သွားမှာပေါ့ "

"အဲ့လိုဖြစ်မှာ မဟုတ်ဘူး "

"ငါတို့ကို ငတုံးတွေလို့ ထင်နေတာလား "

"မဟုတ်ပါဘူး ကျုပ် အဲ့ကို တကယ်လိုက်ကြည့်ချင်တာပါ ပြီးတော့ ကျုပ်မှာ လုပ်နိုင်တဲ့ အင်အား ဘာရှိနေလို့လဲ "

"အဟွန်း! လိုက်ချင်တယ်ဆို စမ်းသပ်ချက်လေး တစ်ခုလုပ်ချင်တယ် အဲ့ဒါကို နိုင်တယ်ဆို ခေါ်သွားမယ် "

"ဘာလဲ ဘာလုပ်ရမှာလဲ "

"လာခဲ့လေ ဟေး ဟေး လူစုလိုက် စိတ်လှုပ်ရှားစရာတွေ လာပြီ "

My InvestigatorDove le storie prendono vita. Scoprilo ora