" ဒါကတော့ မဟာသတင်းဌာနက စီစဥ်တင်ဆက်နေတာ ဖြစ်ပါတယ် "
"အခုတင်ဆက်ပေးမယ့် အကြောင်းအရာကတော့ နှစ်ပေါင်းများစွာ ကြာအောင် လူတွေကို ဖမ်းဆီးကာ လူကျွန်ပြုခဲ့တဲ့ ဂိုဏ်းအကြောင်းပဲ ဖြစ်ပါတယ် "
"ရဲတပ်ဖွဲ့နှင့် White Dragons တို့မှ ပူးပေါင်းကာ တိုက်စစ်ဆင်ပြီး "
"တီ တီ "
အမှုစစ်လေးသည် TV ဖန်သားပြင်ပေါ်တွင် ထင်ဟပ်လျှက်ရှိနေသော အခင်းဖြစ်ပွားသည့် နေရာမှ ဓာတ်ပုံတွေကို ကြည့်နေရင်းမှ စိတ်ရှုပ်ထွေးလာတာကြောင့် သတင်းလာလျှက်ရှိသော ချန်နယ်အား တီဗွီရီမုဖြင့် လှမ်းပိတ်လိုက်ပြီး ကုတင်ပေါ်မှာ လဲလျောင်းနေသော Phi Bbright ကို ငေးကြည့်နေမိသည်။
"မြန်မြန်သတိရလာပါတော့ ကိုကိုရာ ခင်ဗျား ဒီမှာ လှဲနေတာ ဘယ်နှစ်ရက် ရှိနေပြီလဲ ပြောတော့ ပြောတော့ ကလေးနဲ့ အတူတူ လျှောက်လည်မယ်ဆို "
အမှုစစ်လေးသည် ဆေးတွေချိတ်ထားရတဲ့ Phi Bbright ရဲ့ လက်ကို ပါးမှာ အပ်ကာ မျက်ရည်အဝဲသားဖြင့် ပြောနေမိသည်။ ဆရာဝန်တွေက ဒဏ်ရာကြောင့် ရက်အနည်းငယ် လှဲနေရအုံးမယ်လို့ ပြောပေမယ့်လည်း ချစ်ရသူကို မကြည့်ရင်တော့။ သူသာအစား ခံစားလိုက်ချင်တာ။ ဂိုဏ်းလုံးကျွတ်သုတ်သင်ရှင်းလင်းရတဲ့ပွဲမှာ ပေးဆပ်လိုက်ရတာတွေလည်း ရှိသည်။ Phi Bbright သည် အသက်ပြင်းလွန်းလို့သာ။ နောက်ဆုံးအချိန်ထိ တောင့်ခံထားနိုင်လို့သာ ဒီလိုအခြေအနေမျိုးနဲ့ ပြန်တွေ့ရတာ ဖြစ်သည်။
"ခင်ဗျားဆီက ကလေးလို့ ခေါ်တာကို လွမ်းနေပြီလို့ ကိုကိုရာ "
"ဒီလိုမျိုး တစ်သက်လုံး လှဲနေဖို့ ခွင့်မပြုဘူးနော် Bbright"
ရှုံးမဲမဲခဲ့တဲ့ The FOX တွေက ဒဏ်ရာရပြီး သူတို့လက်ထဲရောက်နေတဲ့ Phi Bbright ကို ပိုပြီး ပစ်မှတ်ထားခဲ့ကြသည်။ Phi Khao အပါအဝင် Phi First နှင့် တစ်ခြားသူများက Win နှင့် White Dragons တို့ မရောက်ခင် အထိ ကြံ့ကြံ့ခံကာ ကာကွယ်ပေးခဲ့ကြသည်။ တကယ်ကို ကျေးဇူးတင်ရမယ့် သူတွေပင် ဖြစ်သည်။
"နိုးလာပါတော့ဗျာ "
"တောက် "
အမှုစစ်အရာရှိလေးသည် ပတ်တီးစည်းထားရတဲ့ မိမိလက်ကို ပြန်ကြည့်ရင်း တောက်ခတ်မိလိုက်သည်။ သေနတ်ဒဏ်ရာကြောင့် လက်သန်းနဲ့ လက်သူကြွယ်နှစ်ချောင်းမှာ ကြွေမွမတတ် ဖြစ်သွားတာကို ပြန်ကုထားရတာ ပတ်တီးတောင် မဖြည်ရသေးပေ။ သူဖြစ်တာက မပြောပြလောက်ပေမယ့် Phi Bbright ခံလိုက်ရတာကို ခံပြင်းနေမိသည်။ ကိုကိုက သူ့နောက်လိုက်ပြီး ဒီအလုပ်တွေကို အတူတူလုပ်ခဲ့လို့သာ ဒီလိုဖြစ်နေရတာ။

YOU ARE READING
My Investigator
Fanfiction"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာဘဲ " -- Bbright crd coverphoto #BrightWin Fan Fic