MI-16

690 38 15
                                    

Win အိမ်တော်ထဲကို ဝင်လာတဲ့အချိန်မှာ အကုန်လုံးက မျက်စိမျက်နှာ ပျက်နေကြသည်။ မကြည့်ရဲသလို ပျာယာခတ်နေကြသလိုမျိုး အမူအယာတွေကြောင့် စိတ်ထဲတစ်မျိုး ဖြစ်သွားပြီး အခန်းဆီသို့ အပြေးအလွှားသွားကြည့်မိလိုက်သည်။

"ဘာလုပ်နေတာလဲ ခင်ဗျားက "

အခန်းတံခါးကို ဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ မိထွေးဖြစ်သူက Win တို့ အခန်းထဲ၌ စိန်ပြေနပြေ ထိုင်နေသည်။ သူ့ပုံစံက Win အလာကို စောင့်နေသလိုမျိုးဘဲ။

"ပြန်လာပြီလား "

"Phi Bright ရော Phi Bright က ဘယ်မှာလဲ "

"အဟွန်းဟွန်း စကားလေး တစ်လုံးနှစ်လုံးဘဲ ပြောရသေးတယ် ထွက်သွားပြီလေ "

လှောင်ရိပ်စွန်းနေတဲ့ အပြုံးတွေ မျက်နှာဘေးတွေက ဘာကို ရည်ညွှန်းနေသလဲဆိုတာ တွေးကြည့်နေစရာမလို။ အခန်းထဲတောင် ဝင်ထိုင်နေပုံထောက်ရင် Phi Bright နဲ့လည်း တွေ့သွားကြပြီ ထင်သည်။

"ဘာ! ခင်ဗျားသူ့ကို ဘာပြောလိုက်တာလဲ"

"တို့က ဘာမှသိပ်မပြောရသေးပါဘူး သူ့ဘာသာ မခံမရပ်နိုင်တွေ ဖြစ်သွားတာ "

မျက်ဝန်းတွေသည် အဆုံးထိမှောင်မိုက်သွားခဲ့ပြီး ဘာကိုမှမမြင်တော့။ Phi Bright သိသွားပြီဆိုတာနဲ့တင် ဆောက်တည်မရတော့။

"စောက်ပိုစကားမပြောနဲ့ မေးနေတာ ​ဖြေ "

"Win!! မင်း ကိုယ့်အမေကို လွှတ်လိုက်စမ်း "

Win ရှေ့က အမျိုးသမီးကို အင်္ကျီစဆောင့်ဆွဲရင်း မေးလိုက်မိတော့ အခန်းထဲသို့ နောက်ထပ်ရောက်လာတဲ့ Don က Win လက်ကို လာဆွဲဖြုတ်ရင်း ဆောင့်တွန်းပစ်သည်။ ရုတ်တရက်မို့ Win လည်း ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ဒုန်း! အ့"

"သခင်ငယ်လေး သခင်ငယ်လေး အဆင်ပြေရဲ့လား "

အနားရောက်လာကာ ထူပေးလာသူက အိမ်ထိန်းတော်ကြီး။ Win လည်း အနားရောက်လာတဲ့ အိမ်ထိန်းတော်ကြီးအား Phi Bright အကြောင်းသာ အလောတကြီး မေးမိသည်။ ပူလောင်နေပြီမို့ ရှက်ဖို့လည်း သတိမရတော့။

My InvestigatorWhere stories live. Discover now