မိထွေးဖြစ်သူက အခေါ်လွှတ်လိုက်ပါတယ်ဟု ဆိုကာ အိမ်ထိန်းတော်ကြီး လာခေါ်သွားတဲ့ အမှုစစ်လေးမှာ ညစာစားပွဲအချိန် နီးကပ်လာတဲ့အထိ ပြန်မလာသေးတာကြောင့် Bbright မှာ နေလို့ထိုင်လို့ မရတော့။ ကျယ်ဝန်းလှတဲ့ အိမ်တော်ကြီး ဖြစ်တဲ့အပြင် အခန်းပေါင်း မြောက်မြားစွာမို့ Bbright လည်း အကူမပါရင် ဒီအိမ်ထဲမှာ လျှောက်မသွားတတ်။ညစာစားပွဲကတော့ ဝတ်စုံအဆင်သင့် ဝတ်ပြီးသားမို့ အမှုစစ်လေး ရောက်လာနဲ့ သွားလိုက်ရုံပင်။
"ဒေါက် ဒေါက် "
တံခါးခေါက်သံကြားတာနဲ့ ဝမ်းသာအားရ ပြေးဖွင့်ပေမယ့် တွေ့လိုက်ရတာက အစေခံတစ်ယောက်သာ။
" Win Win ရော "
"သခင်ငယ်လေးက ညစာစားပွဲမှာ စောင့်နေပါပြီ ခေါ်လာပြီ ပို့ပေးဖို့ မှာလိုက်လို့ပါ "
"သြော် အိုကေ "
ခေါ်ဆောင်ရာ နောက်ကို နှုတ်ဆိတ်၍သာ လိုက်ခဲ့လိုက်ပြီး ပတ်ဝန်းကျင်ကိုလည်း အကဲခတ်နေမိသည်။ တော်တော်ကြီးကို ကျယ်လွန်းလှတဲ့အိမ်။ ညစာစားပွဲ ကျင်းပရာ စံအိမ်ငယ်တစ်ခုကို ရောက်ဖို့ရာ မြက်ခင်းပြင်တွေကို ဖြတ်ကျော်ခဲ့ရပြီး ကားတွေအမြောက်အမြားရပ်ထားတဲ့ စံအိမ်တစ်ခုကို တွေ့လိုက်ရသည်။
"ဒီထဲကို ဝင်သွားလိုက်ပါ "
"ဟုတ်ပြီ "
Bbright က တံခါးတွန်းဖွင့်ကာ ဝင်သွားလိုက်တော့ အခန်းထဲရှိလူတွေအကုန်လုံး တိတ်ကျသွားသည်။ ဟိုဟိုဒီဒီ မျက်စိကစားမိတော့ သူ့ကို လှမ်းကြည့်နေတဲ့ အမှုစစ်ကလေးကို တွေ့လိုက်ရသည်။ Bbright လည်း ခံစားချက်မရှိတဲ့ မျက်ဝန်းသေတွေဖြင့် ခန်းမထဲက လူတွေကို ဝေ့ကြည့်လိုက်ပြီးမှ အမှုစစ်ကလေးဆီသို့ လျှောက်သွားလိုက်သည်။အနားကို ရောက်တဲ့အထိ အမှုစစ်ကလေးမှာ ဝိဉာဥ် အနှုတ်ခံထားသူနှယ် ကြောင်စီစီ မျက်ဝန်းတွေဖြင့်။
"အဆင်ပြေရဲ့လား "
မေးသော်လည်း ပြန်မဖြေဘဲ သူစိမ်းလိုမျိုး ကြည့်နေတာကြောင့် တစ်ခုခုလွဲနေသလို ခံစားနေရသည်။ အမှုစစ်လေးအနား နီးကပ်အောင် ထိုင်လိုက်ရင်း မျက်နှာကို သေချာကြည့်မိတော့ နွမ်းနွမ်းလျလျလေး ဖြစ်နေတာကို တွေ့လိုက်ရသည်။ မျက်ဝန်းတွေက ကြောင်စီစီ ဖြစ်နေတာထက် တစ်စုံတစ်ခုကို အလွန်အမင်း ကြောက်ရွံ့ခဲ့ရသလိုမျိုး။ရောဂါတွေကို ဖုံးကွယ်ထားပေမယ့် ရဲရင့်ပြီး ထက်ထက်မြတ်မြတ်ရှိတဲ့ ကောင်လေးက မိထွေးဆီသွားပြီးမှ ဒီလိုတွေ ဖြစ်လာတာ။ Bbright လည်း လှိမ့်တက်လာတဲ့ ဒေါသတွေကို ချုပ်တည်းပြီး မိထွေးဖြစ်သူဆီ သေစေနိုင်လောက်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်ပေးလိုက်သည်။ ပြီးနောက်

BINABASA MO ANG
My Investigator
Fanfiction"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာဘဲ " -- Bbright crd coverphoto #BrightWin Fan Fic