"Phi Bbright ခဏ "
ခမ်းနားထည်ဝါလှတဲ့ အိမ်ကြီးကို ငေးကြည့်နေမိတုန်း အမှုစစ်ကလေးရဲ့ အသံကြောင့် Bbright သတိဝင်လာမိသည်။ နန်းတော်တမျှ ခမ်းနားလွန်းလှတဲ့ အိမ်ကြီးကြောင့် ခြေချလိုက်ဖို့တောင် မဝံ့မရဲ။ ဒါပေမယ့် အမှုစစ်လေးကတော့ ထိုအိမ်ကြီးကို ကြည့်ကာ သက်ပြင်းအခါခါချရင်း ပျော်ရွှင်နေပုံလည်း မရချေ။
"ဘာလဲ "
"တစ်ခုလောက် အကူအညီ ထပ်တောင်းချင်လို့ "
"အင်း "
"အကုန်လုံးရှေ့မှာ ကျွန်တော့်ချစ်သူအဖြစ် ဟန်ဆောင်ပေး ပြီးတော့ ဘာဘဲဖြစ်လာလာ ကျွန်တော့်ဘက်က ရှိနေပေး "
စကားဆုံးတော့ Bbright က အမှုစစ်ကလေး မျက်နှာကို သေချာကြည့်သည်။ သူ့အနေနဲ့ ရှုပ်ရှုပ်ထွေးထွေးတွေကို သဘောမကျတာကြောင့် မျက်နှာမှာ ဝေခွဲမရတဲ့ အရိပ်တွေ ပေါ်လွင်နေသည်။လိုက်လာပြီးမှတော့လည်း အရာရှိလေးကို အခက်မတွေ့စေလိုသော ဆန္ဒတွေဖြင့် သူကိုယ်တိုင်တောင် ရှုပ်ရှုပ်ထွေးထွေး။
"နော် Phi ကျန်တာ Phi စိတ်ကြိုက်နေလို့ရတယ် သူတို့ရှေ့မှာဘဲ နည်းနည်းဟန်ဆောင်ပေးရင် ရပြီ "
ပြန်မပြောလာတဲ့သူကို လက်မောင်းကို ဆွဲဖက်ကာ ခပ်ချွဲချွဲလေး ပြောလိုက်တဲ့စကား။ ထိုအမူအယာကို ကြည့်ကာ Bbright ကမျက်ခုံးတွေ တွန့်ချိုးလိုက်ရင်း တစ်ခြားဘက်ကို လှည့်သွားသည်။ Win က ယုန်လေးလို ခုန်ဆွခုန်ဆွ လုပ်ကာ Bbright မျက်နှာကို လိုက်ကြည့်ရင်း အကြောင်းပြန်လာမှာကို စောင့်နေမိသည်။
"နော် Phi နော် နော် "
မျက်လုံးလေးတလက်လက်ဖြင့် တောင်းဆိုနေပုံက ခံစားချက်မရှိပါဘူးဆိုတဲ့ လူရဲ့နှလုံးသားကိုတောင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ အများကြီးမတွေးနိုင်ခင်မှာပင် ထိုမျက်ဝန်းတွေကို ကြည့်ရင်း သူ ခေါင်းငြိမ့်လိုက်မိသည်။ ဟီးခနဲရယ်ရင်း လက်မောင်းတွေကို ဖက်ကာ ပြုံးပြလာပုံက မျက်ဝန်းတွေ မှေးမှိတ်သွားတဲ့အထိ။ စိတ်ဆောင်မှုကြောင့် မြောက်တက်သွားတဲ့ လက်တွေက နှာခေါင်းချွန်ချွန်လေးကို အသဲယားစွာ ဆွဲညှစ်မိတဲ့အထိ။သတိဝင်လာတဲ့အချိန် လူချင်းခွာကာ Bbright လည်း သူ့လက်တွေသူ ပြန်ကြည့်နေမိသည်။ ဘုရားရေ သူ့လို လူကြမ်းကြီးက ဒီလိုနုနုရွရွတွေ။
ESTÁS LEYENDO
My Investigator
Fanfic"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာဘဲ " -- Bbright crd coverphoto #BrightWin Fan Fic