"စောက်ပြဿနာဘဲဟေး "
ခပ်ကြိတ်ကြိတ်ရေရွတ်လိုက်ပြီး လူတွေကို ရေတွက်ကြည့်လိုက်တော့ အယောက်နှစ်ဆယ်ခန့်ရှိမည်။ ဒါကြောင့် ဘာလို့လွယ်လွယ်ကူကူခေါ်လာသလဲလို့ တွေးနေခဲ့တာ။ အနီးအနား ပတ်ဝန်းကျင်ကို ကြည့်တော့လည်း CCTV ကမရှိ။ နားကြပ်မှတဆင့်ဆက်သွယ်နေတဲ့ အမှုစစ် Joong လည်း အဆင်ပြေရဲ့လား ဆက်တိုက်ကို မေးနေတော့သည်။
"ပြေတယ် Joong Win ဘက်ကိုဘဲ တစ်ချက်ကြည့်ပေးနော် "
"အိုကေ ဘဲကြီး စိတ်ချမယ် ပြီးတာနဲ့ မြင်ကွင်းထဲ ပြန်ဝင် "
"CCTV က စတိုရှေ့ဘဲရှိတာဟ! "
"မရှိဘူး ပိတ်ထားတယ် အဲ့ဘက်လည်း "
ပြောနေရင်းမှ တုတ်တွေဓားတွေဆွဲကာ ပြေးလာတဲ့သူတွေကြောင့် တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။ ဂိုဏ်းသားတွေမို့ တိုက်ရည်ခိုက်ရည်ကတော့ လျော့တွက်ထားလို့ မရချေ။ ပြီးတော့ Bbright တို့ဆိုတာ သိသွားရင် ဝိုင်းပြီး အရေခွံစုတ်ကြတော့မှာ။ဒါကြောင့်မို့ ခပ်မြန်မြန်ဘဲ အယောက်နှစ်ဆယ်လောက်ကို အမှောက်သိပ်လိုက်ရသည်။ လက်နက်တွေ ပါတာမို့ တော်တော်လေး သတိထားလိုက်ရပေမယ့် ကျွမ်းကျွမ်းကျင်ကျင်ဘဲ ကျော်ဖြတ်နိုင်ခဲ့သည်။ ထိခိုက်ရာတစ်ချို့ ရလိုက်ပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ဘဲ မပြောပလောက်တဲ့ အရာမို့ ခပ်မြန်မြန်ဘဲ စတိုဘက်ခြမ်းကို ကူးခဲ့လိုက်သည်။
"ဘာလား "
စတိုရှေ့ရောက်သွားတဲ့အချိန်မှာ လှည့်စားမှုတစ်ခုရှိနေကြောင်း သတိထားမိလိုက်သည်။ စတိုဘက်ကို မလာဖို့ အသည်းအသန် တားထားတာကလည်း အာရုံပြောင်းမှုတစ်ခုသာ။
"အမှုစစ် Joong ကြားရလား "
နားကျပ်ကို လက်ဖြင့်ထိကာ အသံပေးလိုက်တော့ ချက်ချင်းတစ်ဖက်က စကားသံပြန်ထွက်လာသည်။
"ကြားတယ် ဘဲကြီး ဘာထူးလဲ "
"စတိုက အလွတ်ကြီး! "
"ဘာ! သေချာလို့လား "
"သေချာတယ် ဘာမှမရှိဘူး "
တကယ်ကိုမှ ဒီကောင်တွေ ဘာလုပ်ချင်တာလဲ။
"အမြန်ပြန်ထွက်တော့ Khun ရှိနေတာ သိလောက်ပြီ "

YOU ARE READING
My Investigator
Fanfiction"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာဘဲ " -- Bbright crd coverphoto #BrightWin Fan Fic