MI - 8

547 31 18
                                    

"Khun ရော မစားဘူးလား "

"မဆာသေးဘူး "

"နည်းနည်းလောက် စားပါလား "

"ကိုယ့်ဘာသာ အားရှိအောင်သာ စားပါ "

Bbright က မေးငေါ့ပြလိုက်ရင်း မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။ ရှေ့ဆက်ဘာလုပ်ရမှန်း မသိသေး။ မျက်နှာလွှဲထားပေမယ့်လည်း သင်္ဘောဝမ်းဗိုက်အတွင်းမှာမို့ ဘာလုပ်နေသလဲ မြင်နေရ၏။ လက်ထောက် Khao က ဆေးကို အသည်းအသန် တိုက်နေရတဲ့ ပုံစံပါဘဲ။ Bbright သက်ပြင်းတစ်ချက် ရှိုက်ကာ

"မြို့ထဲကို အခြေအနေ ကြည့်ဖို့သွားအုံးမယ် နေခဲ့ကြအုံး "

"လိုက်မယ်! "

နှစ်ယောက်လုံးဆီမှ အသံက ညီညီညွတ်ညွတ်။ Bbright က ခေါင်းကို ခါယမ်းပြလိုက်ရင်း

"မလိုက်ကြနဲ့ တစ်ယောက်ထဲတောင် မနည်းရှောင်သွားရမယ့် အခြေအနေကို လိုက်မကြည့်နိုင်ဘူး "

"ရတယ် ကိုယ့်ဘာသာ စောင့်ရှောက်နိုင်တယ် "

"မရဘူး! "

Bbright အနေနဲ့ စိတ်ရှည်တဲ့ အခြေအနေဆိုတာ ရှိခဲ့ဖူးတာ မဟုတ်ပေမယ့် ဒီအမှုစစ်ကလေးကိုတော့ အတတ်နိုင်ဆုံး စိတ်လျှော့ကာ ပြောပေးတတ်သည်။ သို့ပေမယ့် အမှုစစ်က မရ။ သူလိုချင်တာ မရမချင်း ဂျီတိုက်တတ်တဲ့ပုံပင်။ ယခုလည်း လိုက်လို့မရဘူး ပြောနေတာကို အတင်းလိုက်ချင်နေတာ။ လူကြည့်တော့ ယိုင်နဲ့နဲ့။

"Khun ကို ဘာအနှောက်အယှက်မှ မပေးဘူးလို့ ကတိပေးတယ် "

"မဟုတ်ဘူး! "

"ဒါဆို ဒီလိုလုပ် ခေါင်းဆောင်က Khun Bbright နဲ့လိုက်သွားလိုက် Phi က စခန်းကို ပြန်သွားလိုက်မယ် "

ဆက်သွယ်လို့ရနိုင်မယ့်အရာတွေအကုန်လုံးက ပြတ်တောက်နေတာမို့ လူကိုယ်တိုင်သတင်းသွားပို့မှရမယ့်အခြေအနေ။ မနေ့က ဂိုဏ်းတွေအချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြတာမို့ သတင်းအမှောင်ချချင်တာကြောင့် သက်ဆိုင်ရာက ဖုန်းလိုင်းတွေ ဖြတ် ​တောက်ထားကြသည်ထင်၏။

"တစ်ယောက်ထဲ ဖြစ်ပါ့မလား Phi Khao "

"စိတ်မပူနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်အုံး ခေါင်းဆောင် "

My InvestigatorWhere stories live. Discover now