MI - 6

586 31 10
                                    

ပန်းပွင့်အနီရောင်ရိုက်ထားတဲ့ ရှပ်အင်္ကျီအနက်ရောင်ကို လက်ကနေ ကိုင်ဆွဲထားရင်း ကမ်းရိုးတန်းတစ်လျှောက် လမ်းလျှောက်လာခဲ့သည်။ လက်တစ်ဖက်က ဆေးလိပ်ကို လက်ကြားညှပ်ထားပြီး တစ်စုံတစ်ခုကို ရှာဖွေနေသလိုမျိုးဖြင့်။ သူ့ကိုမြင်လို့ ပြုံးပြနှုတ်ဆက်ကြလည်း ပြန်၍ မပြုံးပြ ခံစားချက်မဲ့နေသော မျက်ဝန်းသေများဖြင့်သာ။

"ကျစ်! ဘယ်ကမ္ဘာကို ရောက်သွားတာလဲ! "

အလိုမကျမှုတွေသည် နေရာအရပ်ရပ်က အတိုင်းအဆမရှိ တိုးဝင်လာလျှက်။ မြင်ချင်တွေ့ချင်နေတဲ့လူကို မမြင်ရမတွေ့ရလို့ စိတ်အလိုမကျ ဖြစ်မှုကို First ပျောက်သွားတုန်းကတောင် အဲ့လောက်ထိ မခံစားရ။ လက်ရှိအချိန်မှာ ပြင်းပြင်းပြပြကို တွေ့ချင်နေတာ ဖြစ်သည်။ မြင်မြင်သမျှကို ရိုက်ခွဲချင်နေတဲ့အထိ တစ်စုံတစ်ယောက်ကို မြင်ချင်စိတ်ဖြင့် အလိုမကျမှုတွေ ကြီးစိုးနေသည်။ လမ်းမကြုံကြုံအောင် ဖန်တီးယူ၍ တိုက်ခန်းကို လှမ်းမြင်ရတဲ့ နေရာမှာ သွားရပ်ကာ ကြည့်သော်လည်း နောက်ကျော တူတာလေးတောင် မတွေ့ရချေ။

"ညီလေး ဟိုတိုက်ခန်းမှာ နေတဲ့လူတွေက ပြန်မလာဘူးလား "

"မလာတာ နှစ်ရက်လောက် ရှိပြီဗျ! "

"သြော် ! "

စိတ်ပျက်လက်ပျက်ဖြင့် ဖွာလက်စ ဆေးလိပ်မီးကို မြေကြီးပေါ် ပစ်ချကာ ဖိနပ်ဦးဖြင့် နင်းချေလိုက်သည်။ တစ်ကယ်ဘဲ ဘယ်ကမ္ဘာကို လိုက်ရှာရတော့မလဲ။ သူ့အနေနဲ့လည်း ဘာလို့အဲ့လောက် တွေ့ချင်နေလည်းဆိုတာ နားမလည်။ ရုတ်တရက်ကြီး ပျောက်သွားတဲ့လူမို့ ရှာနေမိတာ ထင်၏။ နောက်ဆုံးစိတ်ကို ဒုန်းဒုန်းချကာ ငါးမန်းစွယ်ဂိုဏ်းနှင့် ချိန်းထားရာနေရာဆီကို ထွက်လာခဲ့လိုက်သည်။ Bbright လည်း ငါးမန်းစွယ်ဂိုဏ်းမှ အပ်လာတဲ့အလုပ်ကို 3% ဖြင့် သဘောတူလိုက်ပြီး Sakura ဂိုဏ်းမှာ အကြွေးသွားတောင်းပေးရမှာ ဖြစ်သည်။ ထိုကိစ္စအတွက် ငါးမန်းစွယ်ဂိုဏ်းက တာဝန်ရှိသူတွေနဲ့ စကားပြောဆိုကြဖို့ ချိန်းထားတာ ဖြစ်သည်။

"ရောက်လာပြီလား Khun Bbright "

မမြင်ဘူးလားဟု စိတ်ထဲက ပြောလိုက်ပေမယ့် အရယ်မပြုံး မျက်နှာဖြင့် ခေါင်းညိတ်ပြရင်း သူ့နေရာလို့ ထင်ရတဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ဒီဂိုဏ်းကတော့ တွေ့ဖူးနေကြဂိုဏ်းတွေထက် အနည်းငယ် ထူးခြားသည်။ ဂိုဏ်းသားအငယ်တွေကအစ အနောက်တိုင်းဝတ်စုံပြည့်နှင့် ဖြစ်ပြီး အမြဲတမ်း လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားလေ့ရှိကြသည်။ Bbright လည်း ခြေချိတ်ကာ ထိုင်နေရင်း အရက်ကို ငှဲ့ကာ သောက်နေလိုက်သည်။

My InvestigatorWhere stories live. Discover now