အပိုင်း ၁၀

208 15 4
                                    

(၁၀)

ခုရက်ပိုင်း အလုပ်က အပြန်နောက်ကျ၍ ပန်းပင်လေးတွေအပေါ် အာရုံမစိုက်မိ။အဖေကလည်း ရွာခဏ ပြန်သွားသဖြင့် ရှိသမျှအလုပ်က စမ်းရေသာ။ရုံးရော အိမ်မှုကိစ္စရော အားလုံးက ကတိုက် ကရိုက်နဲ့ ဘာတခုမျှအစီစဥ်မကျ။စိတ်ရောလူရော ပင်ပန်းတာကြောင့် လူကပိုနွမ်းတာလဲပါမည်။

ဒီနေ့တော့ ရုံးပိတ်ရက်မို့ ခါတိုင်းထက်အချိန်ရသည်။မိုးမလင်းခင် စောစောထ ထမင်းအိုးတည် ရေလောင်းပြီး ပန်းခင်းကြားထဲ ပေါင်းမြက်ရှင်းနေမိသည်။

"ညီ"

ကိုယ်ခေါ်လိုက်တော့ ညီက မော့ကြည့်လာသည်။ရုတ်တရက် ဟေဝန်ကိုမြင်လိုက်ရ၍ အံ့သြ သွားသလို မျက်လုံးလေးပင် ဝိုင်းသွားသည်။ထိုမျှမက အချိန် အနည်းငယ် ကြာသည်အထိ မျက်တောင်လေး တဖျတ်ဖျတ်နဲ့ ကြောင်အစွာ ကြည့်နေလေသည်။

"ခွင့်မတောင်းမိလို့ sorry ညီ ၊ အစ်ကိုတံခါးပွင့်နေတာနဲ့ ဝင်လာလိုက်မိတယ် ၊စိတ်မဆိုးဘူးမလား"

ကောင်လေးက ခေါင်းကိုသွက်သွက်ခါရမ်းရင်း အနား လျှောက်လာသည်။အလုပ်ရှုတ်နေပုံရသော ကောင်လေးက စွပ်ကျယ်ချိုင်းပြတ် ဘောင်းဘီတိုလေးနဲ့လက်ထဲမှာ တူရွင်းလေး ကိုင်ထား၏။

"အနှောက်ယှက် ဖြစ်သွားမိပြီထင်တယ်"

"မဟုတ်ပါဘူး"

"မပြီးသေးဘူးမလား ကိုယ်ကူပေးရမလား"

ဟေဝန် သူ့လက်ထဲက တူရွင်းလေးကို ဆွဲယူလိုက်တော့ ပြာပြာသလဲ ငြင်းရှာပါသည်။ထို့နောက် ဟေဝန့်ကို လမ်းပြကာ...

"ကွပ်ပျစ်မှာ ထိုင်နေပါနော်၊ကျွန်တော်ပြီးပြီမို့ လက်ဆေးလိုက်ဦးမယ်"

"ကောင်းပါပြီ"

အပြောနှင့်အလုပ် မညီညွတ်စွာ သူညွှန်တဲ့ နေရာကို သွားမထိုင်ပဲ လက်ဆေးတဲ့ ရေပိုက်ခေါင်းဆီသာ ဟေဝန် ဦးအောင်သွားလိုက်သည်။ထိုတော့လဲ ဘာမှမပြောပဲ နောက်ကနေငြိမ်ငြိမ်လေး လိုက်လာရှာသည်။

"ကျေးဇူးပါဗျ"

ကြည်သန့်နေတဲ့ ရေစက်တွေကြားလှုပ်ရှားနေတဲ့ လက်ချောင်းလေးတွေ။ ငယ်လွန်း၍လား တခြားအကြောင်းရာလားမသိနိုင်သော ထိုလက်ချောင်းလေးတွေက ရှိသင့်သည်ထက် သေးညှက်ကာ ကွေးနေသလို။

"စမ်းနွေရဂုံ"[ Completed ]Où les histoires vivent. Découvrez maintenant