(၂၉)
စာအုပ်တအုပ်မှ စာရွက်တရွက်လှန်တိုင်း စာမျက်နှာ နံပါတ် တိုး၍တိုး၍ သွားသလို လများ၏ ဂဏန်းများသည်လည်း တဖြည်းဖြည်း ကြီး၍ ကြီး၍ လာလေသည်။သုံးလပိုင်းမှသည် ခုနစ်လပိုင်းသို့ ရောက်ရှိခဲ့လေပြီ။
ဖွဲဖွဲကျနေသော မိုးစက်မိုးပေါက်များကား အိမ်ဘေးရှိ အုန်းလက်များပေါ်ကျနေတာများ စည်းချက်ကျကျ။မနေ့က နေသာလို့ တကျီကျီလုပ်နေတဲ့ဆက်ရက် သားအမိ ဒီကနေ့တော့ ငြိမ်လို့နေသည်။အေးလို့ပဲ ဖြစ်ရမည်။
သို့သော်...
ငှက်သားအမိနှင့် ကွဲလွဲနေသော စမ်းရေတို့ သားအဖမှာ နေမရထိုင်မရ။ဖင်တကြွကြွနှင့် ဂဏာမငြိမ်နိုင်။
မငြိမ်ဆို စိတ်လှုပ်ရှားလွန်းနေတာကိုး။ဒီနေ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေ ထွက်မှာလေ။တစ်ဘာသာကို စိတ်ထင့်နေ၍ စမ်းရေမှာ ညက အိပ်မပျော်။ဘုရားရှိခိုးလိုက်၊ရေထသောက်လိုက်နဲ့ မိုးလင်းချိန် ခုထိဆိုပါတော့။
"ခုမှ မနက်ငါးနာရီပဲ ရှိသေးတာ ၊ ပြန်အိပ်ဦး သားငယ်"
"အဖေ အိပ်နှင့် သား ဘုရားဝတ် ပြုလိုက်ဦးမယ်"
"ခဏလောက် မှေးလိုက်ဦး၊မင့်ကိုကြီးလည်း အဖျားကျ လောက်ရောပေါ့သွားကြည့်လိုက်ဦး"
ဟုတ်သား။ပြာယာခတ်နေတာနဲ့ ကိုကို့ ကို မေ့နေလိုက်တာ။
စမ်းရေ အပြေးအလွှားလေး ကိုကို့အခန်းထဲ ပြေးဝင်ခဲ့၏။ကိုကိုသည်တော့ အိပ်မောကျဆဲ။နဖူးပြင်က အနည်းငယ်တော့ အေးစပြုနေပြီ။
ကိုကိုသည် ဒီတလော ကျန်းမာရေးချူချာလှသည်။မိုးမိရင် တခါထဲ နှာစေးပြီး ဖျားတော့တာပဲ။ဖျားပြီဆိုရင်လည်း နေ့ဘက်အကောင်း..ညဘက်ကျမှသာ အဖျားတက်တာ။
ဒါကြောင့်လည်း စမ်းရေ မိုးရွာမှာအလွန် ကြောက်သည်။မိုးတွင်း မိုးရွာတာ သဘာဝပေမဲ့ မရွာဖို့ပဲ ဆုတောင်းဖြစ်သည်။
သဘာဝကို ဆန့်ကျင်လို့
မိုးနတ်မင်းထံ အသနားခံမယ်
မိုးတွေရယ် မသည်းပါနဲ့
ကိုယ့်ချစ်သူ ဖျားနာတတ်တယ်
အို..ရွှေမိုးရယ် တိတ်တော့ကွယ်။
![](https://img.wattpad.com/cover/333410588-288-k212799.jpg)
ESTÁS LEYENDO
"စမ်းနွေရဂုံ"[ Completed ]
Romanceစမ်းရေတသွယ် နွေဖြာတယှက် ပေါင်းစုကာရည် ရဂုံဝယ်တည်၏။ (Feb26-Oct27 - 2023)