(၂၈)
ကျောင်းတက်လိုက် ..ပိတ်ရက်ဆို ပေါက်ခေါင်း ပြေးလိုက်။ပျော်တလှည့်ရီတခါနဲ့ နွေဆူးသွင်တို့ အချိန်တွေ ဖြုန်းလာခဲ့တာ လပေါင်းမနည်း။စာမေးပွဲကာလတောင် ဖုန်းအဆက်သွယ်မပြတ်ပဲ စနေနောက်နေကြပါသေး၏။
"မြေးရေ..ဆရာလေး လာတယ်ကွဲ့"
ဖုန်းကိုပိတ် ၊ မကြည့်ပဲ စားပွဲပေါ်ပက်လက် တင်ထားတဲ့ physics စာအုပ်လေး စားပွဲပေါ်မှောက်ပစ်ခဲ့ပြီး အခန်းထဲက ထွက်လာတော့ ကိုကိုနှင့် အရင်ဆုံလေသည်။
"ဟာ..ကိုကို့၊ ပြန်သွားပြီ မဟုတ်ဘူးလား"
ဒီနေ့ဖြေပြီး Bio ဖြေဖို့ ၁ရက် ပိတ်လေသောကြောင့် ကိုကိုတော့ ပေါက်ခေါင်းပြန်သွားပြီ ထင်လိုက်တာ။မဟုတ်ဘူးပဲ။စမ်းရေတော့ အားငယ် နေတော့မှာပဲ။
"မပြန်သေးပါဘူးကွာ ၊ ကိုကို့ ညီမလေး စာမေးပွဲ အကုန် ဖြေပြီးမှ ပြန်မှာ"
"စမ်းရေလည်း ဖြေရတာပဲလေ ၊နောက်ဆုံးရက်တော့ ကိုကိုရှိနေမှပေါ့ ၊ ပြန်ပါ နွေဆူးက အေးဆေး"
ယုံပါသည်။ဉာဏ်ထက်သလို ဝရိယလည်းရှိတဲ့ နွေဆူးက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးဆေးလို့ ပြောတာမထူးဆန်း။
"ပြန်နော်.. လူကြီးတွေ အားနာဖို့ကောင်းတယ် အဖေကလည်း ကျန်းမာရေးမကောင်းတာကို"
ရင်းနှီးလာတဲ့ ဆက်ဆံရေးအရ ဟေဝန့်အဖေသည် နွေဆူး၏ အဖေဖြစ်နေခဲ့သည်။သို့သော် လေးငယ်သည်တော့စမ်းရေအဖေမဖြစ်သေး။အတူရှိနေပေမဲ့လဲပေါ့။
"အေးပါ..အောက်မှာ ဆရာလေးလာတယ် ၊သွားတွေ့လိုက်ဦး ၊ ကိုကိုနဲ့တော့ ပြောခဲ့ပြီးပြီ"
အလုပ်ကိစ္စ မဟခဲ့ဘူးမလား။
"အင်းအင်း"
လှေကားလက်ရမ်းပေါ် လျှောဆင်းလို့ရယ် အောက်ဘက် အရောက်မြန်တဲ့ နွေဆူးမှာ ဘွားလက်တွဲလို့။
"မွေးခဲ့တာ သမီးလေး မဟုတ်ဘူးလား"
"ဟီး..ဟုတ်ပါတယ်ရှင့်၊ ဒါပေမဲ့ တခါတလေတော့လည်း ကျားစိတ်ပေါက်ပါတယ်"
"ဟုတ်ပြီ..သွား ၊ စကားကိုပြေပြေလည်လည်ပြောနော် တခါတလေမှလာတာ"
![](https://img.wattpad.com/cover/333410588-288-k212799.jpg)
YOU ARE READING
"စမ်းနွေရဂုံ"[ Completed ]
Romanceစမ်းရေတသွယ် နွေဖြာတယှက် ပေါင်းစုကာရည် ရဂုံဝယ်တည်၏။ (Feb26-Oct27 - 2023)