အပိုင်း ၅

280 24 0
                                    

(၅)

ဇွန်လ။

"စမ်းရေ ညီလေး...ကျောင်းသွားမယ်ဟေ့"

မြိုင် သားလေးကို အင်္ကျီကြယ်သီးတပ်ပေးနေတုန်း ဘဲပုက အလောဆော်လာသည်။ဒီကလေး သားကြီး သူငယ်ချင်းပီသပါသည်။သားကြီး ပြန်မလာတဲ့လများစွာ အတွင်းမှာ စမ်းရေလေးကို သားကြီးနှင့်မခြား ချစ်ပေး ခင်ပေး စောင့်ရှောက်ပေးလာခဲ့သည်။

"ကဲ ပြီးပါပြီရှင် ၊ဆရာမစကားနားထောင်နော် ၊ဝလုံးလေးလဲလှလှလေးရေးခဲ့"

"သားဝလုံးရေးတတ်ရင် ကိုကြီးပြန်လာမှာလား"

"အင်းပေါ့"

ထိုစကားကြောင့် ရင်ဘတ် တနေရာက ဆစ်ခနဲ။ပါးပြင်ပေါ် ရောက်မလာခင်သိမ်းဆည်းမိတဲ့ မျက်ရည်စကမျက်တောင်မှာ စိုစွတ်လို့။

"တာ့တာ မေမေ"

"နေ့လယ် မေမေ ထမင်းလာပို့မယ်နော်"

ပြေးထွက်သွားသော သားကျောပြင်လေးကို ငေးကြည့်ရင်း တချိန်က သားကြီးအဖြစ်ကို ပြန်မြင်ယောင်လာသည်။သူမြို့မှာ ကျောင်းသွား တက်မယ်ဆိုတော့ မအေကို ကန်တော့ရှာတာ။သားကြီး ပညာတတ် ဖြစ်ပါစေ ဆုပေးတော့သား ကြိုးစားပါ့မယ်တဲ့။ပြီးတော့ အလုပ်လုပ် ကျွေးဦးမတဲ့။

"အင်း..ခုလဲ သားကြီး က အလုပ်လုပ်နေတာ နေမှာ"

မေ့နေလိုက်တာ..။ဒီနေ့ သူ့အဖေဆီ စာပို့ရမဲ့ ရက်ပဲ။

မြို့တက်ပြီး အလုပ်သွားလုပ်တဲ့ ကိုကန္တာဦး။သူ့သားပြန်လာရင် ထပ်ပြီးအလုပ် မလုပ်နိုင်အောင် ငွေနဲ့ ဖိထားမလို့တဲ့။ရည်ရွယ်ချက်ကလေ။

မြိုင်နဲ့အစ်ကိုက ပတ်ဝန်းကျင် အမြင် ဇနီးမောင်နှံပေမဲ့ လက်တွေ့မှာ သူစိမ်းထက် ပိုစိမ်းသက်တဲ့ သူတွေ။သို့သော် နှစ်ဦးသား မည်သို့ပင် စိမ်းသက်နေကြပေမဲ့ သားကို လွမ်းသည့် စိတ်ကတော့ထပ်တူကျနေခဲ့ပါသည်။

အပြန်အလှန် စာကြုံပါးရင်း သားသတင်းကို အမေးအဖြေ ပြုလုပ်ခဲ့ကြသည်။တနေ့ပြန်လာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့။

----

နေ့လယ်ခင်း ကျောင်းဆင်း ခေါင်းလောင်းထိုးတော့ မိဘများက ကျောင်းဝန်းလေးအတွင်း တဖွဲဖွဲရောက်လာကြလေ၏။ထိုအထဲစမ်းရေအမေလဲ ပါလာ၏။

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now