အပိုင်း ၁၉

130 13 0
                                    

(၁၉)

[Recommended song: ကမ္ဘာမြေအဆုံးထိ ဖြူ၊မျိုးကျော့မြိုင်]

"စမ်းရေ အလုပ်ထွက်တော့မယ်အစ်ကို"

ဟေဝန် ကိုယ့်နားကို မယုံနိုင်။မနေ့ကအထိ အဆင်ပြေပြေနဲ့ အိမ်အထိပြန်လိုက်ပို့ပေးခဲ့တာလေ။ကိုယ်က သူ့ကိုချစ်ခွင့်ပန်ပြီး အကျပ်ကိုင်အဖြေတောင်းနေတာလဲမဟုတ်။ပုံမှန်အတိုင်းဆက်ဆံပြီး အရင်ကထက်ပဲ နည်းနည်းပိုကပ်ဖြစ်တာ။

"အတည်ပြောနေတာ... စမ်းရေ မနက်ဖြန်ကစ ရုံးမတက်တော့ဘူး၊စာချုပ် ဘာညာမရှိတော့ ထွက်ချင်တဲ့ဆန္ဒရှိရင် ရတယ်ဆိုလို့ အစ်ကို့ကို အသိပေးတာပါ"

"ဘာဖြစ်လို့လဲ ၊ အစ်ကို ဘာမှားနေလို့လဲ... အလုပ်က ထွက်ရလောက်တဲ့ အထိ အစ်ကို ဘာတွေ အပြစ်လုပ်မိလဲ၊အလုပ်ပင်ပန်းရင်လည်း ပြောလေ အစ်ကို ဘာမှမခိုင်းတော့ဘူး လစာနည်းတယ်ဆိုတောင် ခုလကုန် တိုးပေးဖို့တွေးပြီးသား"

စိတ်ဆိုးမာန်ဆိုးနဲ့ကို တခုစီ ရှင်းပြနေ၏။ကိုင်ထားတဲ့ ဘော့ပင်လေးတောင် မညှာမတာ လွင့်ပစ်ခံလိုက်ရသည်။

"အဲ့လိုတွေကြောင့် မဟုတ်ပါဘူး၊အစ်ကို ပြောတာတွေ တစ်ခုမှ မဟုတ်ပါဘူး"

"ဒါဆိုဘာလဲ ညီ"

မကျေနပ်တော့တာ သိသိသာသာ။မျက်ခုံးတွေ တွန့်ချိုးပြီး မကြည်ကြည့်ကို ကြည့်နေတာ။ဒါလား တဖွဲ့တနွဲ့နဲ့အဖြေ တောင်းထားတဲ့လူ။ရုံးကအမတွေမြင်ရင် စာရင်းမှားလို့ ဆူပူနေတာထင်ဦးမယ်။

"ကျောင်းတက်ရမယ်လေ"

"တလတိတိ လိုသေးတာကို၊လက်မခံဘူး သွား ၊ ဒီစာရင်း အပြီးလုပ်"

လူကို တစက်လေးမှမကြည့်ပဲ စာအုပ်ကြီးသာ ထိုးပေးလာသည်။သူပေးတာ စာရင်းစာအုပ်မဟုတ်ပဲ ကိုလေးဖိုးလူကိုင်နေကျ အစည်းဝေးမှတ်တမ်းစာအုပ်ကြီး။

ရယ်ချင်ပေမဲ့ မရယ်ရက်။သူတကယ်ခံစားသွားရတာ။မျက်စိအောက်ကနေပျောက်သွားမှာ သူအတော် စိုးရိမ်နေတာလေ။မမြင်ရရင် တနာရီခြားတခါဖုန်းဆက်ပြီး ဘယ်မှာလဲ ဘာလုပ်လဲမေးနေတော့တာ။

ဘယ်လောက်ထိ စိတ်ပူတတ်လဲဆို အပြင်ကိုလည်း တယောက်ထဲ ပေးမသွား။အသွားအပြန် အကြိုအပို့လုပ်။တခုခုလိုတာရှိတောင် ဝယ်ပြီးချက်ချင်း လာပို့ပေးတာ။အဲ့လောက်ထိကို ဂရုစိုက်တာ။

"စမ်းနွေရဂုံ"[ Completed ]Où les histoires vivent. Découvrez maintenant