အပိုင်း ၂၆

122 7 0
                                    

(၂၆)

နေ့လည်ခင်း တရေးတမောအိပ်ပြီး နိုးလာတော့ တအိမ်လုံး ဆူညံပွက်လောရိုက်နေ၏။နွေဆူးက ဧည့်ခန်းမှာပတ်ပြေး ဟိုတယောက်က ကြက်မွှေးတုတ်နဲ့လိုက်ရိုက်။ဖိုးလူကပြတင်းပေါက်ကျောပေးရပ်ကြည့်လို့။မဆီမဆိုင်နဲ့ ဘေးအိမ်က ဝဖိုင့်ဖိုင့်အန်တီကြီးလည်း လာကြည့်သည်။

"အဲ့ဒါ ဘာဖြစ်နေကြတာလဲ!!"

ထိုတော့လဲ မျက်နှာလေးတွေ ငယ်ကာခေါင်းငုံ့သွားကြ၏။တတ်လည်းတတ်နိုင်တဲ့ မျောက်လောင်းတွေ။

"ဘာဖြစ်ကြပြန်လည်း!"

"ကိုကို နွေဆူးကလေ"

"ညည်းမဖြေနဲ့ ၊ စမ်းရေသွင် ကလေးပြောစမ်း"

အရင်တိုင်တန်းဖို့ မောင်းတင်ထားတဲ့ စက်ခလုတ် ပြန်ဆွဲချရသည်။ကိုကိုက နှမကိုကျ အဖက်မလုပ်။သူ့ကလေးစကားကိုပဲ နားထောင်သည်။

"သူပြောတာ အကုန်မမှန်ဘူး"

"ညည်းမပြောနဲ့ဆို"

တရားခံနဲ့တရားလို ကိုယ်လိုရာယူပြောမှာပေါ့။အမှန်တရားဆိုတာ တခုထဲပဲကို ဘာလို့ ဟိုဘက်ဒီဘက် မျှမမေးတာလဲလို့။

"ဖုန်းက ကို့ကို့ဖုန်း ၊ ဓာတ်ပုံက လည်း ကိုကို့ပုံပဲ စာအိတ်ကသာသူ့ဟာ၊စမ်းရေ ငါနင့်ပစ္စည်းဘာထိရသေးလို့လဲ ကြည့်တောင်မကြည့်ရသေးတဲ့ ဥစ္စာ"

"မကြည့် ကြည့် ၊ နင်ဘာလို့ ငါ့စာအိတ်ယူလဲ.. တောင်းတော့ ပြန်မပေးပဲနဲ့"

"ငါကြည့်ချင်လို့ ယူတာ ၊ ကြည့်ပြီး ပြန်ပေးမှာပေါ့"

ဟေဝန် ကြားထဲက ရူးချင်လာသည်။သူငယ်ချင်းတွေ အနွံတာခံလို့ တည့်ကြမယ်ပေါ့။စိတ်ထားလေးတွေ ကောင်းလို့သင့်မြတ်မယ်ပေါ့။တက်တက်စင်အောင် လွဲတော့တာပဲ။

"အေး..ငါ ပြန်မရောက်ခင် နင်တို့ကိစ္စ အပြီးရှင်းထား၊ညီလေး ပြန်ဖို့လုပ် လိုက်ပို့မယ်"

အခန်းထဲ ရောက်လို့မှ ကားသော့ဖြုတ်ရုံရှိသေး အပြင်က တစခန်းထကြပြန်သည်။ဟေဝန် ခေါင်းသာရမ်းမိသည်။ဒီကလေးမနဲ့ တအိမ်ထဲဘယ်လိုနေရမတုန်း။

"နင်တို့ ကိုလေးလာပြီ"

ဧည့်ခန်းလေးသည် ရုတ်ချည်း တိတ်ကျသွား၏။အချိန်ကိုက် ဘေးအိမ်က အဒေါ်ကြီးလည်း ပြုံးစိစိဖြစ်သွားလေ၏။

"စမ်းနွေရဂုံ"[ Completed ]Wo Geschichten leben. Entdecke jetzt