အပိုင်း ၂၅

135 10 0
                                    

(၂၅)

မပြင်းလှသော နေရောင်ခြည်ကား အိမ်ခြံလေးထဲ ဖြန့်ကျက်ထားသဖြင့်အနည်းငယ် ပူနွေးနေ၏။လူနှစ်ဦး၏ လက်ချင်းတွဲလျက် အရိပ်ကလည်း မြက်ခင်းစိမ်းပေါ် ပြေးလွှားခုန်ပေါက်လို့။

"ညက အိပ်ပျော်လား"

"ဟုတ်"

ဆုပ်ကိုင်ထားတဲ့ သူ့လက်ချောင်းလေး ရင်ဘတ်မှာ ဖိကပ်မိတဲ့အခါ နှလုံးသားကလေ..ခုန်မြူးနေတာများ ဆောင်းလေလေးလို ကသုတ်ကယက်။

"ဒီနေ့ လျှောက်လည်ချင်လား"

"ဟင့်အင်း.. ကိုကိုနဲ့အတူ အခန်းထဲ စာဖတ်မှာ"

"ကိုကို စာအုပ်ရွေးရမယ်ပေါ့"

"ဟုတ်တယ်"

"ဒါဆို စာအုပ်ဆိုင်သွားမယ်လေ..အပြန်ကျမှ မနက်စာ စားကြတာပေါ့"

ဟေဝန် အိမ်ထဲဝင်ကာ ပိုက်ဆံအိတ်နှင့်ဖုန်းယူလိုက်သည်။ငဲ့စောင်းကြည့်မိတဲ့ ဟတတ အိပ်ခန်းထဲမှာ အိပ်ရေးမက်တဲ့ နွေဆူးသည်တော့ အခန်းဆက် ဝတ္ထုရှည်ရေးနေတုန်း။

ဟေဝန် တံခါးလေး အသာပြန်စေ့ပေးခဲ့သည်။မိန်းမပျိုလေးတန်မဲ့ ဖက်လုံးကြီးကားလျားခွပြီး ကုတင်ပေါ်ထောင့်ဖြတ်အိပ်နေသည်။သူစိမ်းမရှိပေမဲ့ လူမြင်လို့မှမတော်။

"ရပြီ ကလေး"

သည်လမ်းလေးက ရန်ကုန်က စမ်းရေတို့ ဗာဒံလမ်းကြားလေးထက်တော့ အရိပ်မကောင်း။ရှိတဲ့ ကျွန်းပင်တွေကလည်း တပင်နဲ့တပင် အလှမ်းဝေးလွန်းသည်။အိမ်တွေစိပ်ပေမဲ့ ခပ်စောစောမို့ ငြိမ်သက်နေ၏။ကျောင်းရက်ရှည်ပိတ်ထား၍လည်း ဆူဆူညံညံ တော့မရှိ။

"ဆိုင်ဖွင့်ပါဦးမလား"

"ကြိမ်းသေပေါ့"

"ဒါဆို ဟိုးစျေးလေးထိပ်က ခြေနင်းစက် သွားဆော့ကြမယ်"

ဆွယ်တာထူထူနဲ့ ဂျင်းပန်ဝတ်ထားတဲ့ဆယ်ကျော်သက်လေးနောက် အပြေးအလွှား လိုက်ခဲ့ရတဲ့ ကိုယ့်မှာ ချွေးတစိုစို။ဝတ်ထားတဲ့ ပုဆိုးနဲ့သူလုပ်ပြသလို လက်ကိုင် စက်ဘီးနင်းရတော့လည်း လူက ကိုရို့ကားယား။ပိုဆိုးသည်က လူများလာလို့ ကလေးတွေကြား ပြေးပေါက်ပိတ်တာ။

"စမ်းနွေရဂုံ"[ Completed ]Donde viven las historias. Descúbrelo ahora