အပိုင်း ၂၇

107 5 0
                                    

(၂၇)

Recommended song [ စံလင်း-တို့လည်းလိုက်မယ် ]

"သွားပါမယ်ဟ.. နင်ကလဲ"

ရောင်နီမှ မပျိုးသေး နွေဆူးတို့အသံစာစာက အိမ်လေးအတွင်း ဆူညံနေပြီ။ အိပ်နေတာကမှ တော်လိမ့်ဦးမည်။စောစောနိုးလို့ မီးဖိုချောင်ကိစ္စကူမလားမှတ်တယ် အနားကနေ ခြင်ကောင်လို တဝီဝီလုပ်နေသည်။

"မသွားသေးဘူးလို့ ၊ ငါစာဖတ်ဖို့ကျန်ပါသေးတယ်ဆိုနေ"

"နောက်မှဖတ်လို့ရသားနဲ့၊ညစ်ကပ်နေတာ"

"မိုးဦးတို့ ခုမှရောက်တာ၊နားပါစေဦးဟ.. မနက်ဖြန်မှသွား"

"အဲတော့ တခေါက်ထပ်သွားမယ်လေ"

"အေး..​နင်တစ်ယောက်ထဲသွား၊သူများတွေ စျေးဝယ်ခေါ်တုန်းက မလိုက်ချင်ပဲနဲ့ ခုမှ ဘာကိစ္စနဲ့သွား"

ပေါက်ခေါင်းမြို့မစျေးကို သွားရဖို့အရေး တို့အရေး လုပ်နေတဲ့ နွေဆူးမှာအကြံမအောင်တော့ မျက်နှာသည်ကားရှုံ့မဲ့မဲ့။

"ဟွန့်..!နေဟ ငါ့ဘာသာငါ ရီးစားရှာမယ် ပြီးရင် နေရာစုံလိုက်ပို့ခိုင်းမယ်၊နင်တို့အားကိုးမနေဘူး တကယ့်အစုတ်ပလုတ်တွေ"

"အဲ့ဒါ ဘာစကားလဲ"

ပြုတ်ထားတဲ့ ခေါက်ဆွဲ ရေစစ်လက်စကို ဒီအတိုင်းထားပြီး လည်ပြန်မေးတော့ အစ်မကြီးလုပ်သူက ဖုန်းထဲကြည့် ပြုံးလို့။

"နွေဆူး.. နင်ဘယ်ကလူကို ကြိုက်နေတာလဲ.. ငါပြ"

"ဒီမှာ!..အဲ ပြစရာလား..နှမရီးစားထားတာ မောင်ပြောစရာလား"

"နင်!!"

"ဒါပဲနော်..ငါ့ကိုကြီး လိုင်းတက်လာပြီ ၊ပေါက်ခေါင်းသားကြီးရေ နွေဆူးလေးလာပြီလို့!!!"

"ဟ..နွေဆူး!!"

အလင်းတန်းလို တဖြောင့်တန်း ပြေးလေတဲ့ နွေ​ဆူးကို စမ်းရေ ဆွဲမထားလိုက်နိုင်။

"ကိုကြီးတဲ့"

ဘာကိုကြီးလဲ!မဟုတ်တရုတ်တွေ၊No လုံးဝ မထားရဘူး ၊ တွေ့မယ် နင်။ကိုကိုနဲ့တိုင်မယ်။

မနက်ခင်း ငါးနာရီလောက်သာ ရှိသေးသည်မို့ ကိုကိုက မနိုးသေး။ညက ညဥ့်နက်ကြီး ပြည်ကားဂိတ်ကို သွားကြိုပြီးပြန်ရောက်မှ အိပ်ရတာမို့ နှိုးဖို့အရေး တွန့်ဆုတ်နေမိသည်။သို့သော် နွေဆူး ရီးစားထားသည့် ကိစ္စက ပိုအရေးကြီးသည်။

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now