အပိုင်း ၁၇

141 16 4
                                    

(၁၇)

ဧပြီလ၏ နွေမနက်ခင်းသည် အနည်းငယ် အိုက်စပ်စပ်ဖြစ်၍ နေသည်။အိမ်မှာပဲ နားဖို့ဆုံးဖြတ်ထားပေမဲ့ ရေလေးတော့ ချိုးလိုက်ဦးမည်။လန်းလန်းဆန်းဆန်းဖြစ်ရင်တော့ "ညီ" ဆီ သွားမည်။

အတွေးနဲ့ ရေချိုးခန်း ဝင်နေတုန်း တံခါးခေါက်သံ နှစ်ချက်ဆင့်ကာ ကြားလိုက်ရသည်။ကပြာကယာ တပက်ပိုင်းပတ်လျက် တံခါးပြေးဖွင့်ရန် ရွယ်ရသည်။ မဖွင့်မှီအပေါက်မှ ချောင်းကြည့်ရသေး၏။မတော်လို့ နွေဆူးဆို ခက်ရချည်ရဲ့။အဲ့ကောင်မလေးက ethic တွေဘာတွေ သိပ်ရှိတာမဟုတ်။

"ဪ ညီလေး..ဘာကိစ္စရှိလို့လဲ"

ဆပ်ပြာမြှုပ်မစင်သေးတဲ့ ကိုလေးက ရေချိုးတာ မပြီးသေးပုံ။

"နေမကောင်းဘူးဆို..ဘယ်နှဲ့ကြောင့် မနက်ကြီး ရေထချိုးနေတုန်း"

ခရီးကပြန်လာ ပန်းဖျား ဖျားလိုက်တာတရက်လုံးလုံးမို့ သူပြောလည်းပြောချင်စရာ။

"အိုက်လို့ပါကွာ..ဒါနဲ့ ph no ဆိုတာ ငါ့ကိုမပေးရသေးဘူးနော် ဉာဏ်မများနဲ့ ပေးမှသာပေး"

ဒီကောင် တမင်ရစ်ထားမှန်း ဟေဝန်သိသည်။ကလေးတွေ စာသင်ဖို့ အိမ်မှာ အခန်းပြင်တာလည်း ကိုယ့်ကိုမပြော၊သူနဲ့မိုးဦး တွဲနေတာလည်း လျှို့ဝှက်ထားသေးသည်။

"ဟဲဟဲ ...စတာပါ ၊ အဲ့လောက်ဖြစ်နေရင် ခပ်စောစော ပြန်လာပါတော့လား ဘာလုပ်နေလို့ လဝက်ကြီးများ နေနေတာလဲ၊ဖုန်းလိုင်းမမိဘာမမိနဲ့"

"အကြောင်းရှိလို့ပေါ့ကွ"

ထိုအကြောင်းသည် အချိန်မတန်သေး၍ မပြောပြမှန်း ဖိုးလူသိပါသည်။ဒီချိန်ထိ ကိုလေးက သူနဲ့ပတ်သက်တာ၊ဒီအိမ်နဲ့ ပတ်သက်တာ အသေးအမွှားမှအစ ကိစ္စကြီးငယ်အဆုံး ဖိုးလူကို အသိပေးခဲ့တာချည်း။

"ဟုတ်ပါပြီ..ရော့ ဒီစာရွက်ထဲမှာ တရုံးလုံးရဲ့ဖုန်းနံပါတ်နဲ့ လိပ်စာရှိတယ်"

ဟေဝန် စိတ်ပေါက်ပေါက်ဖြင့် စာရွက်ကို ဖြတ်ခနဲဆွဲယူလိုက်သည်။မျက်နှာတပြင်လုံး အပြည့်ရေးထားသည့် စာလုံးများကို မျက်မှောင်ကြုတ် ကြည့်လိုက်ရင်း...

"စမ်းနွေရဂုံ"[ Completed ]حيث تعيش القصص. اكتشف الآن