အပိုင်း ၁၂

165 17 0
                                    

(၁၂)

"ဘာ...!!!!"

"တကယ်ကြီး...!!!!"

ရုံးခန်းပွင့်မတတ် ထအော်သူနှစ်ယောက်ကြောင့် ဖိုးလူ ခေါင်းနားပမ်းတွေကြီးကုန်၏။သုံးယောက်မဆုံလို့ ဆုံတဲ့တနေ့ အောင့်မထားနိုင်ပဲ ဖောက်သည်ချမ်ိမှ ပုရစ်တွေနှင့်လာတိုးနေသည်။

"တကယ်ပဲ ကိုလေးက စမ်းရေကို နမ်းလိုက်တယ်ပေါ့ ဟုတ်လား"

"ရှူး..တိုးတိုးလုပ်ပါ"

ဘေးလူကြားမှာဆိုးလို့ ချောင်မှာကပ် ပြောပါတယ်ဆိုမှ တိုင်းသိပြည်သိကြေငြာချင်နေ။

"အင်း အင်း တိုးတိုးပဲ.. တကယ်ကြီးလားလို့"

"ဟုတ်ပါတယ်ဆို ၊ ငါမျက်စိနဲ့တပ်အပ်မြင်ခဲ့တာ၊ဟိုတယောက် အိပ်နေတုန်းကိုလေးကငုံ့နမ်းနေတာ"

အမလေး...ဖြစ်စေချင်တာ အဲ့လို။

"ဟိုလေ အကြာကြီးလား ဘယ်လိုနမ်းတာလဲ"

"တော်ပြီ နွေဆူး ၊ နင်မိန်းခလေး ဒီမှာပဲရပ်တော့"

ရင်းနှီးပေမဲ့ ကြောက်လည်းကြောက်ရသည်မို့ အောင့်သက်သက်နှင့် လှည့်ပြန်ခဲ့ရသည်။

သို့နှင့်သူမ မသိသော နောက်ကျောတွင်မတော့...

"မိုးဦး..သိခွင့်ရှိမလား"

ငယ်သော်ငြား ယောကျ်ားလေး မို့ ပြောပြလိုက်သည်။

"အင်း.. ခဏတော့ ခဏလေးရယ် ၊ထိတယ်ဆိုရုံလေးကွာ အသံလည်းမမြည်ဘူး၊ဘယ်လိုပြောရမလဲ ဖွဖွလေးနဲ့ နူးနူးညံလေးလို့ပြောရမလား ကြင်ကြင်နာနာလေးလို့ ပြောရမလား..."

အမလေး...ကိုယ်ပါ ရင်တွေခုန်။

"မင်းရော သဘောတူလား..??"

မိုးဦးယံ မပြောတတ်။ယောကျ်ားလေးချင်း နမ်းတာအပြစ်မဟုတ်၊လူလူချင်းချစ်တာ အဆန်းမဟုတ်ပေမဲ့ ဘဝချင်းမတူတာတော့ နည်းနည်း စဥ်းစားရမည်။နောက်ပြီး အသက်တွေလည်း ကွာဟကြသည်လေ။

"စောင့်ကြည့်ကြတာပေါ့ဗျာ"

နေ့လယ်ခင်း စကားဝိုင်းလေးကတော့ လူနှစ်ဦး၏ နှုတ်ဆက်မှုနှင့်အတူ ပြီးဆုံးသွား၏။

"စမ်းနွေရဂုံ"[ Completed ]Donde viven las historias. Descúbrelo ahora