အပိုင်း ၈

205 22 3
                                    

(၈)

အရှေ့ဖျားဆီမှ နေဝန်းနီသည် အားအင်အပြည့်ဖြင့် မြူးထူးစွာပင် ခရီးထွက်လာ၏။သို့သော် ထိုအရာနှင့်ဆန့်ကျင်လျက် အိပ်မောကျနေသူကတော့ စမ်းရေသွင်ပင်။

ထူးထူးဆန်းဆန်း အဖြစ်ပျက်မို့ ကန္တာထိုင်ပဲ ကြည့်နေလိုက်ပါသည်။ပုံမှန်ဆို ငါးနာရီ ဒေါင်ဆိုတာနဲ့ ဘုရားစင်ရှေ့ရောက်ပြီးသား။ဒီနေ့တော့ အိပ်ရေးပျက်တယ် ထင်ပ။တရှူးရှူးနဲ့။

မနေ့က တနေကုန်အလုပ်ရှာပြီး မှောင်မှကားတစ်စီးနှင့် ပြန်ရောက်လာသည်။လိုက်ပို့တာ ဘယ်သူဘယ်ဝါမမြင်လိုက်ရပေမဲ့ ထိုသူက သူ့အတွက် ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးသူတယောက် ဖြစ်နေတာတော့ ကန္တာရိပ်မိလိုက်သည်။

တဆတ်ဆတ်ငြိမ့်နေတဲ့ခေါင်းရယ်၊ကော့တက်နေတဲ့ နှုတ်ခမ်းတစ်စုံရယ်က မြင်ရခဲ့သောအသွင်ရယ်မို့ ကန္တာထိုသို့ ကောက်ချက်ချခဲ့မိခြင်း။

အင်း...နိုးလာရင်တော့ နည်းနည်းပါးပါး စပ်စုကြည့်ဦးမှ။

ခုနှစ်နာရီသာနေပြီမို့ ကန္တာဈေးသွားရန်ပြင်လိုက်သည်။သားအတွက် မနက်စာထမင်းကြော်နှင့်ကြက်ဥ မကျက်တကျက်ကြော်လေးကို စားပွဲထက်ပြင်ပေးခဲ့ပြီး အုပ်စောင်းအုပ်လိုက်သည်။ထိုပေါ်မှ "စျေးသွားတယ်"ဟု ရေးထားသည့်စာရွက်ပိုင်းလေး တင်ခဲ့လိုက်သည်။

လူမရှိလဲ အပြင်ထွက်တိုင်း တယောက်မဟုတ် ထိုသို့ စာချန်ခဲ့​လေ့ရှိတာက ကန္တာတို့ သားအဖရဲ့လုပ်ရိုးလုပ်စဥ်တစ်ခုပမာ။

ခပ်သုတ်သုတ် လျှောက်မိတဲ့အခါ လမ်းလေးသည် တိုတောင်းလွန်းသည်ဟုထင်မိပါသည်။ဒီလမ်းကလွန်ရင် စျေးကိုရောက်လိမ့်မည်။လူနေအိမ် ကျိုးတို့ကျဲတဲနဲ့ ကန္တာတို့ရပ်ကွက်လေးကလူချမ်းသာ ရပ်ကွက်မဟုတ်။သို့ပေမဲ့ သန့်ရှင်းပြီး အေးချမ်းလှသည်။

မေတ္တာသုတ်ကို စိတ်ထဲမှ ရွတ်လျက် လမ်းလျှောက်နေစဥ်...

"ဗျို့..ဆိုက်ကားငှားမလား"

"မငှားတော့ဘူး ဆရာရေ့"

ဖော်ရွေလွန်းသော လမ်းထဲက ဆိုက်ကားဆရာ။ကန္တာနှုတ်ဆက်ကာပဲ စျေးဆိုင်တန်းထဲ ဝင်သွားလိုက်သည်။

"စမ်းနွေရဂုံ"[ Completed ]Donde viven las historias. Descúbrelo ahora