အပိုင်း ၁၅

186 19 0
                                    

(၁၅)

"ပြီးနိုင်တယ်ကို မရှိဘူး"

အလိုမကျသလို ဆူအောင့်အောင့်အသံက ဘေးဘက်ဆီမှ။ကိုယ်တယောက်ထဲငေါင်စင်းစင်း ဖြစ်နေမလားလို့ အဖော်ခေါ်လာမိပါတယ် နားပူလို့ကိုမဆုံး။

"ပြန်လို့မရသေးဘူးလား ၊ ကြာနေပြီနော်"

"ခဏပါပဲ မိုးဦးယံရာ ၊ မင့်မလဲ ထိုင်ရတာဖြင့် နာရီဝက် မပြည့်သေးဘူး ချက်ချင်းကြီး"

ဘာစိတ်ကူးပေါက်သည် မသိတဲ့ ကိုလေးက မြေကွက် လေလံပွဲကို ဖိုးလူကိုလွှတ်သည်။မရ အရယူဖို့ အမိန့်နှင့်အတူ မိုးဦးယံကိုပါ ထည့်သည်။အစက တယောက်ထဲ သွားမည် ကြံရွယ်ပေမဲ့ ယမန်နေ့ အတွေ့အကြုံအရ ဘေးမှာကပ်ပါးပါမှ ဖြစ်မည်။

ဒီခေတ် လူ့အသိုင်းအဝိုင်းက အသက်လေးများ ၃၀ နားကပ်ပြီဟေ့ဆို နုယွပြီးအရွယ်တင်နေလဲ .....

လူပျိုကြီး..တို့။
မစွံသေးဘူးလား..တို့။
ကျန်ရစ်ကြီးလား..တို့။
ဆေးပေးမီးယူ လိုတယ်..တို့နဲ့ သူတို့နှင့်မဆိုင်ပါပဲ အာချောင်ကြသည်။

တယောက်ထဲ နေသည်ကိုပဲမရှူစိမ့်သလိုလို..အတွဲမရှိရင်ပဲ ဂုဏ်မရှိသလိုလို..လှောင်ကြပြောင်ကြသည်။မသိရင် သူတို့ ရှာပေးတော့မလိုနဲ့ စပ်စပ်စုစု။

ထို့ကြောင့်ပင် ဒီပုရစ်လေးကို ခေါ်လာမိသည်။

"၃၅၀၀ စပါတယ်ရှင့်"

အမျိုးသမီးတစ်ဦး၏ အသံကြားမှပဲ အာရုံက ပွဲဆီ ပြန်ကူးလာ၏။

"၃၅၀၀ ဆိုတော့ ဘယ်လိုမြေကွက်မျိုးမိုလို့လဲ"

ပုရစ်က အနားတိုးကပ်ပြီး​ မေးလာခြင်း။ထိုအခိုက်မှာပဲ ဘေးနားရှိ ခပ်ငယ်ငယ် အမျိုးသမီးတစ်ဦးက ထူးဆန်းသလို ကြည့်လာသည်။မသိမသာ ကိုယ့်ဘက်ယိမ်းလာပြီး မျက်မှန်ကိုပါပင့်ကြည့်လာတာ။

ကြည့်တော့လည်း ကြည့်ချင်စရာ။ အသွင်က နှစ်ကိုယ်ကြား တီးတိုးပြောသလို ဖြစ်နေတာဆိုတော့လည်း အထင်လွဲကောင်း လွဲနိုင်လိမ့်မပေါ့။ဒါပေမဲ့လည်း ကိုယ်တွေက ရိုးရိုးသားသားပါ။

ကြည့်ချင်ကြည့်!!

ညီအစ်ကိုနှစ်ယောက် ကိုယ့်ကြည့်ပြီး တခုခုပြော နေသလိုမို့ လူက သိပ်မလုံချင်။စရောက်ထဲက တစ်ယောက်ကရှုံ့မဲ့မဲ့၊တယောက်က သွယ်လျလျ ဖြူတူတူလေး။ရုပ်ချင်းလည်းဆင်တော့ မျက်စိထဲ သဘောကျလို့ ငေးမိတာ။

"စမ်းနွေရဂုံ"[ Completed ]Tempat cerita menjadi hidup. Temukan sekarang