အပိုင်း ၁၈

137 14 4
                                    

(၁၈)

မှိုင်းညှို့လျက်ရှိသော ကောင်းကင်ပြင်တွင် မကြာခင် မိုးရွာတော့မည့်အရိပ်ယောင်များ ပြည့်နှက်နေပေ၏။အပူလွန်ကဲသော ဤကာလအဖို့ မိုးအနည်းငယ် ရွာသည်ကပင် နေရထိုင်ရသက်သာလှပေသည်။မျှော်လင့်နေသည်မဟုတ်သော်ငြား မိုးအုံ့လျင်တော့ လွန်စွာမှ အေးမြလိမ့်မည်။

မကြာခင်မှာပဲ စောဏကမှိုင်းညှို့နေသော မိုးသားတိမ်လိပ်တို့သည် မိုးစက်များကျဲချပေးလာသည်။ထို့ကြောင့်ပဲ ဥဒဟိုသွားလာနေသော လူများသည်ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့၏။ထိုအထဲတွင် လင်းမေတ္တာလည်း အပါအဝင်ပေ။

ခရီးဆောင်အိတ် လက်ကဆွဲလျှက် taxi တစ်စီးကို အပြေးအလွှားငှားရပြန်သည်။

"လေးကြီး ဘယ်ကိုလဲဗျ"

taxi သမားလေးအား လိပ်စာအပြည့်စုံပြောပြီး ခပ်မြန်မြန်ပင် ဝင်ထိုင်လိုက်သည်။မိုးရေကို သဘောကျပေမဲ့ မဆို့မပို့စိုတာတော့ စိတ်ထဲ ဘဝင်မကျပေ။ထို့ကြောင့် အင်္ကျီလဲရန် ဆုံးဖြတ်လိုက်သည်။

"လိုက်ကာချလိုက်ဗျ အားမနာနဲ့"

ကောင်လေးက ကိုယ်အနေရခက်တာ သတိထားမိပုံ။ချက်ချင်းပင် လမ်းကြောင်းဖွင့်ပေးလာသည်။

"ကျေးဇူး"

ရန်ကုန်မိုးရဲ့ သဘောတရားအတိုင်း ညှို့ခနဲဆိုရွာချ၊ခဏအကြာနေလုံးကြီးထွက်လာ.. သဲကြီးမဲကြီး ရွာချသွားတာ သူမဟုတ်သလို ပတ်ဝန်းကျင်တခွင်က ပြန်လည် သာယာလာသည်။

"ကောင်လေး ကားတံခါး ဖွင့်လို့ရနိုင်မလား"

"ရတယ်ခင်ဗျ"

ခုမှသတိထားမိသည် လင်းမေတ္တာစီးလာတာ သာမာန် taxi တစ်စီးမဟုတ်။model အတော်တန်မြင့်သည့် အိမ်စီးကားဖြစ်နေသည်။မောင်းသည့် ကောင်လေးကလည်း ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားပြီး ရုပ်မမြင်ရ။

တခုခုတော့မှားနေပြီ..!မဟုတ်မှလွဲ လင်းမေတ္တာ ပြန်ပေးဆွဲခံရတာလား??

ဒါလည်း မဟုတ်သေးပါဘူး။သွားနေတဲ့လမ်းက ဂိတ်ကြီးဝင်းကနေ အိမ်ဘက်သွားတဲ့ လမ်းကြောင်း ဟုတ်ပါတယ်။လင်းမေတ္တာ အစက ဟိုကပြန်လာပြီးအစ်မဆီ တမ်းဝင်မယ်ပေါ့။နောက်မှ အိမ်ကိုသတိရလို့ ပေါက်ခေါင်းအရင်ပြန်မိသည်။ထိုတော့ လမ်းကြောင်းတွေကရှည်နေသည်။

"စမ်းနွေရဂုံ"[ Completed ]Tempat cerita menjadi hidup. Temukan sekarang